Professional Authors

အမုန်းမဲ့မှာတမ်း

ရင်ခွဲခံနေစွဲတွေကိုပဲ
ဘယ်ချိန်ဖြစ်ဖြစ် လွမ်းနေမိရင်
နာနာကျင်ကျင် ခံစားရဦးမှာပဲလေ။
ဒီတော့….မေ့ဖို့ကြိုးစားကြရအောင်
သတိရဖို့ကို မေ့ကြတဲ့အထိ….။
လောင်စာမဖြစ်ခဲ့တဲ့ ရေထဲကထင်းတစ်ချောင်းလို
ဒေါသမီးတွေ မတောက်ကြေး
အတ္တ၊မာနတွေ ပြည်ဖုံးကားချရင်း
ရွှေပြည်အေးတရားနဲ့ လမ်းခွဲသွားရအောင်။
လမ်းခွဲတိုင်း…ကျောခိုင်းတာမဟုတ်ဘူး။
တစ်ချိန်တုန်းက. ၄၃ လို
မျက်နှာချင်းဆိုင် ကြည်နူးခဲ့ကြဖူးရဲ့
ခုလို…အချိန်မှာလည်း
၃၄ လို ကျောခိုင်းစရာမလိုပါဘူး။
နင်ထားရစ်ထွက်ခွာသွားပါ….
၄၄ လို နင့်နောက်ကျောကို ငေးရင်း….
ငါကျန်ရစ်ခဲ့ပါရစေတော့။
နောက်ဆုံးမှာလိုက်ချင်တာက
တို့နှစ်ယောက်အတိတ်တွေကို
မေ့ဖြစ်အောင် မေ့လိုက်ပါတော့။

(စိတ်ရူးပေါက်ပြီး ကောက်ရေးမိပါသည်။မကောင်းလျှင်ခွင့်လွှတ်နားလည်ကြပါ။)

In: ကဗျာ Posted By: Date: Jan 7, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment