Professional Authors

ရွက်တိုက်သူ

အရွဲ့တိုက်တတ်သူလား
ဂွကျကျသမားလား
ဘောင်ဝင်ဖို့မကြိုးစားတတ်သူတစ်ဦး (မကြိုးစားဖူးခဲ့)
တစ်ကိုယ်တော်ရွက်လွှင့်မယ်..လာမတားပါနဲ့
လေနှင်ရာရွေ့မယ်

 လှိုင်းထန်ရာဖြတ်မယ်
 ကိုယ့်ကိုယ်ကိုယ်လဲပြိုလိုက်
ကိုယ့်ကိုယ်ကိုယ်ထူမလိုက်
အဖော်မရှိခြင်းကအဖော်ပဲဆိုတာ နားလည်တယ်။
တကယ်တော့..ကျွန်တော်က ရွက်တိုက်ချင်သူ (ရွက်တိုက်နေသူ) ။ ။

ဆိုက်ပရပ်စ်လင်း (၂၀၁၃)

In: ကဗျာ Posted By: Date: Dec 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment