Professional Authors

ကောင်းကင်တံခါး

ကောင်းကင် တံခါး

သင်ရိုးညွှန်းတမ်းမဲ့

ဘ၀ပုစ္ဆာများကို ဖြေရှင်းဖို့
ကြိုးစားရင်း ကုန်ဆုံးခဲ့သော
အကြိမ်ကြိမ်အခါခါ
သက်မ အခါခါ ရှိုက်ရင်း
ပြန်ရှုထုတ်တဲ့လေထုကို
လိပ်ပြာလုံဖို့ ထိန်းချုပ်ရင်း
ရှုံးတလှည့် နိုင်တလှည့်
အကြိမ်ကြိမ်အခါခါ
မသိခြင်းများစွာနဲ့
သိတတ်ဟန်ဆောင်ဘ၀များကို
သိခြင်းများစွာနဲ့ မသိဟန်ဆောင်ခဲ့ရသော
နေရက်များ အကြိမ်ကြိမ်အခါခါ
အဖြူရောင် ပန်းချီကားကို
ကာလာစုံအောင် ကြိုးစားခြယ်သရင်း
သက်တံ့တန်းများမှ ရိုးသားခြင်းကို
ငတ်မွတ်စွာ ပြန်တမ်းတရတဲ့
အကြိမ်ကြိမ်အခါခါ
ပြတင်းပေါက် တစ်ခုမှ
လောကကို ငေးကြည့်ရင်း
ကောင်းကင်တံခါး ၀င်ခွင့်လက်မှတ်
ရေးထိုးဖို့ နောက်တစ်ခါ
ထွက်လာရပေါ့……….

May 31 2009

(မသေချာခြင်း များစွာထဲမှာမှ.. ခရီးတစ်ခုကို သေချာ…စေဖို့… စခဲ့တဲ့.. ကျွန်တော့်ရဲ့ တံခါးလေး တစ်ချပ်)

 

(ဂျွန်မိုးအိမ်)

In: ကဗျာ Posted By: Date: Jun 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment