Professional Authors

ဆိုင်းဘုတ် မတပ်တဲ့ ဝေးပုံမျိုး

ပေါ်ပင်လိမ်လည်မှုဆိုတာ
ခေတ်ရေစီးချောင်းတွေနဲ့ အသားကျသူကိုတွေအတွက်ပါ
နွားကျခံစကားလုံးထွေထက် 
ပှံမှန်ကြားနေကျ လေတိုးသံတောင် နားကယဉ်ပါးမကျသေးဘူး


ရက်စက်ဖို့ အတွက်များ သုံးရာသီလုံးကို
ပုံမှန်ဖြစ်အောင်လည်ပေးနေသေးတယ်
အချိန်မသိတဲ့ သူတွေအတွက် ညနေခင်းကိုသာ
နှုတ်ဆက် အောက်မေ့ချိန်ထားကြရအောင်
ခွဲခွါခြင်းရနံ့တွေ ငါ့ကို တယုတယတော့ မွှေးပေးအုံးမှာပေါ့

မာယာတောတွေ မဖန်ဆင်းပါနဲ့
ဖာသည်လို ဇာတ်လမ်းတွေလည်း လုပ်မကြံနဲ့
တခါနှစ်ခါကျရှုံးတိုင်း ထောင်ချောက်မှ မဟုတ်တာ…

မျက်နှာဖုံးစွပ်ပြီးရယ်ပြလို့ ရပေမယ့်
မျက်နှာဖုံးပြီးရင်ဘတ်အနာလိုက်ပြလို့မရဘူး
“ရင်ကွဲနာဆိုတာ ရင်ကွဲဖူးသူတိုင်း ပြန်လည်ခိုအောင်းနေကျနေရာ”ပါ

ဝေးပါစေ..လုံးဝကိုဝေးပါစေ….
စက်ဝိုင်းလို ဝေးပုံမျိုး မဟုတ်ပဲ ဝေးပါစေ

လက်မှတ်ဖြတ်ပြီး ပျောက်တတ်ခဲ့မှတော့
ကမ်းလှမ်းခဲ့တဲ့ ရုံဝင်ရုံထွက်မှာ 
ဆိုင်းဘုတ်ရုပ်ကြည့် နေရုံပေါ့……….

လူခေတ်နေ

In: ကဗျာ Posted By: Date: Nov 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment