လက်ဖက်သုတ်
ကျွန်တော့်ချစ်သူက
လက်ဖက်သုတ်လေး တစ်ပွဲပါဗျာ။
ဟုတ်တယ်…….။
လက်ဖက်ကောင်းတစ်ရိုးအတွက်
ပလောင်တောင်တက်နှေးသလို
ချစ်သူ့အဖြေရအောင်
သုံးနှစ်သုံးမိုး စောင့်ခဲ့ရတာ။
ခရမ်းချဉ်သီးစားထားသလို
ချစ်သူမှာအဆီပိုမရှိဘူး။
ဂေါ်ဖီထုတ်လို
အသားကဖြူသေး။
ဆီလျှော့စားထားလို့
၃၄ – ၂၄ – ၃၆ နဲ့ အကိုက်။
ရှောက်သီးလေးထည့်စားသလို
ချဉ်ပြုံးပြုံးလေး ပြုံးပြလိုက်ရင်
ကျွန်တော့မှာလေ
နှစ်ရက်နဲ့တစ်ပိုင်းလောက်
သွားတွေကျဉ်နေတတ်တယ်။
အိုင်အိုဒင်းဆားပဲသုံးတော့
လည်တိုင်လေးကသွယ်ကျော့။
အချိုမှုန့်နည်းနည်းပါးပါးရောထားသလို
တခါတရံမှာ
အနမ်းလေးတွေလဲ ကြည်ဖြူတယ်။
ငရုတ်သီးကိုက်မိသလို
စိတ်လဲကောက်ပြရဲ့။
ကြက်သွန်ဖြူက
လက်ဖက်သုတ်အရသာပေါ်စေသလို
သူ့ရဲ့နားလည်တတ်မှုတွေက
ချစ်သူဘ၀ကို ပေါ်လွင်စေတယ်။
အကြော်စုံနဲ့ပုစွန်ခြောက်လေးမဖြူးထားရင်
တစ်ခုခုလိုအပ်နေသလို
တစ်ရက်လောက်မတွေ့ရရင်
ချစ်သူကရူးသွပ်စေနိုင်တယ်။
လူတွေက တစ်ခါတစ်လေမှ
ထမင်းနဲ့စားဖို့ လက်ဖက်သုတ်တယ်။
အနော်ကတော့
သူ့ကိုအမြဲ……..တမ်း
အင်း ….. ဒီလိုပဲပေါ့နော်။
သိချင်ရင်ပေါ့နော် ……..
ကိုယ့်ချစ်သူကို စားကြည့်ကြပေါ့နော်။
Comment #2
အိမ်ကဘီယာ မသောက်ခိုင်းဘူးဗျ။
By: Blueskymoe at Jul 27, 2013
Comment #3
ဟုတ် လား
ပျော့ လို့ လား
ဒါ ဆို အ ရက် ပဲ သောက် ခိုင်း တာ ပေါ့
By: ei lay at Jul 27, 2013




Comment #1
rofl
ကျွန် တော် က တော့ သူ့ ကိုဘီ ယာ နဲ့ မြည်း တယ် ပေါ့ လား
:P့