Professional Authors

ငပေါလေး၏ အချစ်ကဗျာ

ကဗျာတွေမရေးတတ်တော့ဘူး
ခံစားချက်တွေအားလုံး
နတ်သမီးလေးတစ်ပါးသိမ်းပိုက်သွားပြီ
သူမအပေါ်လည်းချစ်တယ်ဆိုတဲ့ 
တစ်ခွန်းပဲအတိအကျသိတယ်
မခွဲနိုင်ဘူးသိပ်ချစ်မိနေပြီ … ။

တွေးကြည့်လိုက်စမ်း
ရွှေရောင်အိမ်မက်
ငါတို့ ထွန်းညှိကျမယ် … ။

မော့ကြည့်လိုက်စမ်း
ပြုံးပြုံးလေးနေ
ဖိုးလမင်းထက်တောင်
ချစ်သူအပြုံးကသာယာနေသေးတယ် … ။

အခုထိခေါင်းစဉ်တပ်လို့ မရတဲ့ 
စနက်တံမဲ့ ဗုံးတွေ
အုံး … ဒိုင်း … ဒိန်း …. ဒုန်း ( ရင်ထဲမှာ )
မေသူ့ ကိုချစ်နေတုန်း
ထာဝရချစ်နေအုံးမည်
စစ်ကြေငြာပြီ
(first love) ပထမအချစ်စတင်သည် … ။

မှတ်ချက် ။  ။ ဂေါက်နေသည် … သည်းခံဖတ်ရှုပေးကြပါ  😀

In: ကဗျာ Posted By: Date: Jul 18, 2013
Comment #1

အချစ်နဲ့တွေ့ရင် …..ဒီလိုပါပဲ… ၀မ်းသာတယ်ဗျို့

commentinfo By: အသဲကွဲ မိုး at Jul 19, 2013
Comment #2

ကျေးဇူးပါ အစ်မတော်မိုး

commentinfo By: loafer at Jul 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment