Professional Authors

ခံစားချက်များ မြေသို့ တစ်ခါပြန်လည် အသက်ငင်စေ…..

 ရယ်မောခြင်းများနှင့် –တစ်ဖန်…မနက်ခင်းတစ်ခုကို တစ်ခါပြန်အသက်သွင်းကြည့်နေသည်….
 ထိုသို့ သော အရာကို ထုံထိုင်းခြင်းအလေ့အထအဖြစ် ငါအသိအမှတ်ပြုပေးမည်…
 ဒါ ဟာ ဘ၀ပဲမို့ ….ငါ့ ဘ၀ကို ငါတစ်ခါတလေ မေ့ ထားလိုက်တယ်…..

 အတိတ်ဆိုတာ အိမ်မက်ဆိုးတွေ အလားပါပဲ…တံခါးရွက်နောက်က လေမုန်တိုင်းတွေလိုပေါ့
 ငါ့ပုံရိပ်တွေ ကိုငါ မှန်ထဲမှာ ပြန်မြင်နေရတယ်လေ……
 အဲ့ဒါ ငါ ကောက်ရိုးမျှင်တွေ ကြားထဲမှာ ထားခဲ့တဲ့ အပ်လေးတစ်ချောင်းလိုပါပဲ..
 ငါကိုယ်တိုင် ပစ်ခဲ့တဲ့ အပ်လေးကို ငါ ပြန်လိုချင်မိပြီလေ…….

ငါတို့ ဘာကြောင့်တံခါးရွက်တွေ ကို ဖွင့်မိနေကြတာလဲ…….
မင်းကို ငါမေးပြီလေ…….
အဲ့သည့်မှာ မေးခွန်းတစ်ခုပဲရှိတယ်…..
ဘာကြောင့်လောကထဲရောက်လာတာလဲဆိုတာကိုပေါ့……….
(ငါ….ဘီလူးခေါင်းဆောင်းထားချင်တယ်…..)
(ငါ….စွမ်းအားတွေရချင်တယ်…..)

သက်တံတွေ ကို…ငါတို့ ရေတံခွန် တွေ လို့ အဓိပ္ပါယ်ဖွင့်ထားတယ်….
ငါတို့ ရဲ့ ပြောင်းလဲလို့ မရတဲ့ စက်ကွင်းကြီးတစ်ခု အလားပေါ့……
ငါရဲ့ အတ္တ တစ်စိတ်တစ်ပိုင်း…..(အနည်းငယ်….ဖြစ်ဖြစ်ပေါ့)….ပါနေတယ်….
ဒါဟာ…ငါ့အတွက်လို့ ငါပြောတယ်…မင်းကော…မင်းအတွက်လည်းပါနေတယ်လို့ ..မင်းပြောနိုင်လား…..

ငါ့အသွေးတွေ …အလံနဲ့ အလဲအလှယ် လုပ်ခဲ့ဖူးတယ်….
(လူလေး…မင်းဟာ ပထမကမ္ဘာ စစ်က လူသတ်သမားဖြစ်တယ်…..)
ငါတို့ ရပ်တည်နေခဲ့တာ….မြေကြီးတွေ ပေါ်မှာလား…..လူုသေတွေ ပေါ်မှာလား……
အစိုင်အခဲတွေ နဲ့ ဖွဲ့ စည်းနေတာ………

မင်းဟာ….မာန်နတ် သားတစ်ဦးဖြစ်တယ်…..
ငါဘယ်တော့မှ….မင်းကို အလျှော့မပေးခဲ့ဘူး…..
ငါဟာ…DOTA PLayer သမားတစ်ယောက်ဖြစ်နေလို့ ပဲ……
ဘာကြောင့်လည်းဆိုတော့……မင်းကိုယ်မင်း….လူရွင်တော်တစ်ယောက်လို့ သတ်မှတ်ထားခဲ့တာ….
ငါတို့ အားလုံးပါဝင်နေစေဖို့ ပဲ…..

ငါအမြဲလွမ်းတဲ့ ကျောင်း (၃) ကျောင်းရှိတယ်
မင်းကိုးကွယ်တဲ့ ဘုရားကျောင်း က …မင်းကို ကောင်းချီးပေးလိမ့်မယ်….
မင်း သင်ယူခဲ့တဲ့ ပညာကျောင်းက….မင်းကို အခွင့်အရေးတွေ ပေးလိမ့်မယ်….
—-
—နောက်တစ်ခုက….
မင်းရဲ့ ဝမ်းရေးကျောင်းဖို့ ကတော့………..မင်းအပေါ်မှာပဲမူတည်တယ်……
မင်းရဲ့ ခံစားချက်လား….ဆိုတော့…..ငါ့အမှားပါပဲကွာ…….

အခု….စကြ၀ဋ္ဋာ ကြီးထဲမှာ….မင်းနဲ့ ငါ… နှစ်ယောက်တည်း…
ရှိနေတယ်ဆိုပါစို့ ………………

ငါ့ပန်းတိုင်းကို ….ငါဦးတည်နေတယ်…….
မင်း…..
….


.
.
.ဘာလုပ်မလဲ………………?

                                                                  အာကာ…
                                                                ၁၆.၇.၂၀၁၃

In: ကဗျာ Posted By: Date: Jul 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment