Professional Authors

ဝိရောဓ

ချစ်ခြင်းမေတ္တာဆိုတာ

လူတစ်ယောက် ပျင်းပျင်းရှိတာနဲ့

အပျော်ရည်းစားထားခြင်းလား

ချစ်သူဘဝဆိုတာ ဘာလဲ

အရေပြားခြင်းစနေ၊ တနင်္ဂနွေမှာပွတ်သပ်ဖို့လား

ဆန့်ကျင်ဖက်လိင်နဲ့ညဖက်စကားပြောဖို့လား

ချစ်ခြင်းမေတ္တာဆိုတာ

24 hr mart တွေမှာတောင်ရနိုင်တဲ့ပစ္စည်းလား

Online ပေါ်မှာရိုက်ထည့်လိုက်တဲ့စာလုံးလား

မင်းဘာမင်းဘယ်လောက်ချစ်ချစ်

“ထောင့်ငါးရာထက်တော့ မပိုနိုင်ပါဘူး

အချစ်ဆိုတာ

အသားစိုင်များအပေါ် မိမိကိုယ်ကိုယ် ယုံကြည်ချက်လွန်ကဲမ

အချိန်မရွေး recycle ပြန်လုပ်ပစ်လို့ ရတယ် ဆိုတဲ့ အယူအဆ

“လူတစ်ယောက်မိုးပေါ်ပျံနိုင်တယ်”

“ဖြစ်နိုင်တယ်….

ဘယ်ကျမ်းဂန်အရ ဘယ်သီအိုရီအရ မဟာဆော့ဖ်ဝဲလ်တွေအရ”

“လူတစ်ယောက်ဘယ်လောက်ထိချစ်နိုင်တယ်”

“သူများနဲ့မတူရင်ရူးတာပဲ”

ဒီလိုပဲသက်မှတ်မိတော့မှာလား

ချစ်ခြင်းမေတ္တာ ကို

ဒါဆိုရင်တော့အရမ်းလွယ်သွားပါတယ်

တစ်ရက်ကျော်ခံမယ့်ဂရုဏာသန့်သန့် တွေရနိုင်ပါတယ်

ဒီလိုဆိုပွတ်ရှ်ကင်ကသေနတ်ချင်းယှဉ်ပစ်သွားမှာမဟုတ်

အက်ဒ်ဝက်ခ်ဘုရင်လဲနန်းစွန့်သွားမှာမဟုတ်

သေဆုံးသည်အထိငါ့ချစ်သူကမှတ်မိကျွမ်းဝင်သွားမှာမဟုတ်

လူတစ်ယောက်အတွက်ရမ္မက်ဖြစ်စေတဲ့အစိုင်အခဲဟာ

တခြားတစ်ယောက်အတွက် တော့မျက်ရည်

ဪသူများနဲ့မတူရင်ရူးတာပဲလား

ချစ်ခြင်းမေတ္တာဆိုတာ

ခင်ဗျားက မင်းက ဘယ်လိုထင်မြင်ထားလို့လဲ

ဒီတရားစစ်မှန်ကြောင်းသက်သေက

တစ်ယောက်နဲ့တစ်ယောက်လက်ထပ်လိုက်ခြင်းလား

ကျွန်တော်တို့ချစ်ခြင်းကိစ္စမှာ

ကျွန်တော်တို့ချစ်ခြင်းမလုံလောက်သေးတာပဲ မှားတယ်

တကယ်တော့ ကျွန်တော်တို့ချစ်ခြင်းကိစ္စဟာမှန်တယ်

အချစ်ဆိုတာ

ကိုယ်ချစ်တဲ့သူကိုစိတ်ပြည့်စုံမှုကိုယ်ပြည့်စုံမှုပေးနိုင်မှအချစ်ဖြစ်တယ်

တခါ ကိုယ်ကပြန်ပြီးမရရင်လဲစိတ်ဆင်းရဲမိတယ်

ဒါကြောင့် နောင်ဆို အချစ်ရှိလားမမေးဘူး

ချစ်တတ်သလားပဲ ရိုးရိုးလေး မေးမယ်

In: ကဗျာ Posted By: Date: Jul 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment