Professional Authors

ခိုင်လုံသောအကြောင်းပြချက်

 

ဝေဒနာဇော ။လွမ်းစိတ်မောကို
သက်လျာသိစေ၊စာနာစေဖို့ 
ကဗျာတစ်ပုဒ်၊ရေးထုတ်တိုင်းလဲ
ခံစားဖွဲ့ သီ၊စာမမှီခဲ့ 
ဝေးရက်နည်းများ၊ကာလကြားဝယ်
ရီဝေမှုန်ထိုင်း၊အုံမှိုင်းမှိုင်းမို့ 
ထီးကျန်ဖော်မဲ့ သည်ရက်များကို
စိမ်းခါးမုန်းမေ့ ၊ထားချင်သည်…….မေ။
သို့ နှယ်စိတ်ထင်၊ကို ယ့် ဖြစ်အင်က
လွမ်းလိုက်ဆွေးလိုက်၊ချစ်ဇောတိုက်လဲ
ချစ်သဲမေက၊ရင်ခွင်သစ်ဦး
မေတ္တာဖူးနှင့် ပျော်မြူးရွှင်ကြည်
နေခဲ့ သည်မို၊့ ခုဆိုမောင့် မှာ
အစဉ်အလာ၊မပြင်ပါ……………မေ
ရင်ကွဲနာကျ၊လွမ်းနာကျလို့ 
တစ်ခွက်တစ်ဖလားမော့ မိတယ်……………….
                                                                                   မင်းလူန

\"\"\"\"

In: ကဗျာ,Others Posted By: Date: Jun 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment