Professional Authors

သက်မဲ့အပြုံး

လေအဝှေ့ဝယ်

တိမ်စိုင်ငယ် မျောလွင့်ပါးပေမယ့်

ပူမိသူ ဘဝင်ဝယ်

အိုဘယ် မနွမ်းရအောင်

မိုးရယ်… … သူပြိုမှာပဲလို့

ယုံမိပြန်တယ်

 

ဥသြငယ်

ဘယ်ဝယ်ဆီက

လွမ်းတေးသီသလဲကွယ်

မင်းဆွေးသံ

ရင်ဝယ် ကာရံညီလေတော့

တို့လည်းလေ

ရှာဖွေကြည့်ပေမယ့်… ….

ဆိုတေးရှင်…

လူမိမှာ စိုးသလားကွယ်… …

 

ချစ်တဲ့သူ

ရှောင်ဖယ်ဟန်တိမ်းပေမယ့်

ချစ်မိသူ

ဘဝင်မှာ မငြိမ်းနိုင်ဘူး

သူစိမ်းရက်ပါလားလို့

ပြောမထွက်ပါကွယ်… ….

 

လွမ်းရက်ရှည်

တကိုယ်ရည်တည်းဝယ်

ပင့်ရှိုက်ကာ သက်မောတွေ

အလီလီ ချပါလို့

မုန်းမေ့သူ လိုအင်ပြည့်စေဖို့

မေရယ်… …

လူမသိအောင် ပြုံးပါ့မယ်… …

 

ခင်မင်လေးစားလျက်

လေပြေ

(၂၄.၆.၂၀၁၃)

In: ကဗျာ Posted By: Date: Jun 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment