Professional Authors

မျှော်လင့်ချက်အထားအသို

(၁)
တွဲလက်တစ်စုံရဲ့ညခင်း
ချစ်ခြင်းတစ်ခုအစလို့ပဲဆိုရမလား
အိပ်မက်သစ်တွေရှင်သန်
မနက်ဖြန်မရောက်သေးသရွေ့
အိပ်မက်ခွင့်ကိုငါပိုင်တယ်…။

(၂)
နတ်သမီးပေးတဲ့ကောက်ရိုးတစ်မျှင်
မြတ်နိုးခုံမင်စွာဆုပ်ကိုင်ရင်း
အနာဂတ်တစ်ခုလုံးလောင်းကြေးထပ်
ကောင်မလေးရေ
ငါကြိုးဝိုင်းထဲဝင်ရပ်လိုက်ပြီ...။

(၃)
အရည်အသွေးကိုမှတ်ကျောက်တင်တဲ့အခ
အနိုင်အရှူံးတွေအရေးမပါတော့သလို
အတတ်နိုင်ဆုံးကြိုးစားခဲ့သူအတွက
ဘာကြောင့်မှစိတ်ပျက်စရာမလိုဘူးတဲ့…။

(၄)
တစ်ချိန်ချိန်တော့
မင်း…ငါ့အတွက်သီးသန့်ထွန်းလင်းပေးလိမ့်မယ်
ဖူးစာဆိုတာပါလာခဲ့ရင်ပေါ့…။..…………။

In: ကဗျာ Posted By: Date: Jun 25, 2013
Comment #1

နတ်သမီးပေးတဲ့ကောက်ရိုးတစ်မျှင်
မြတ်နိုးခုံမင်စွာဆုပ်ကိုင်ရင်း
အနာဂတ်တစ်ခုလုံးလောင်းကြေးထပ်
ကောင်မလေးရေ
ငါကြိုးဝိုင်းထဲဝင်ရပ်လိုက်ပြီ…။

commentinfo By: မေပျို at Jun 27, 2013
Comment #2

နတ်သမီးပေးတဲ့ကောက်ရိုးတစ်မျှင်
မြတ်နိုးခုံမင်စွာဆုပ်ကိုင်ရင်း
အနာဂတ်တစ်ခုလုံးလောင်းကြေးထပ်
ကောင်မလေးရေ
ငါကြိုးဝိုင်းထဲဝင်ရပ်လိုက်ပြီ…။

commentinfo By: နွေ at Sep 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment