Professional Authors

ကြားနေကျ သတင်း

ကြားနေကျ သတင်း
…………………………

မနက်မလင်းသေးဘူး

ရောက်လာတဲ့တနင်္ဂနွေရဲ့
နားထင်ကိုသေနတ်နဲ့
အချိန်ခံရ

စောစောစီးစီး
ကိုယ့်ဖြစ်တည်မှုကို အင်အားသုံးပြီး
အလုယက်ခံရ

ကိုယ်ဟာ
ဖြိုခွဲဖျက်ဆီးခံရမယ့်သူများစာရင်းမှာ
နံပါတ်တစ်ပဲဆိုပါတော့

ဘ၀မှာ
လွတ်လပ်မှုဆိုတာ
ဖခင်အိမ်ကထွက်ပြေးတဲ့သမီးလို

ရေတိမ်လည်းနစ်ပေါင်းများပြီ
သဘောင်္လည်းမှောက်ပေါင်းများပြီ

ကမ္ဘာလောကကြီးကို
အပြစ်ကင်းစင်တဲ့ကလေးတစ်ယောက်ရဲ့မျက်လုံးမျိုးနဲ့
ပြန်ကြည့်ချင်တယ်
ပြန်ကြည့်လို့မရတော့ဘူး

နေရာတိုင်းမှာ
အင်အားသုံး
စော်ကားမှုနဲ့
နိုင်ထက်စီးနင်းမှုများနဲ့သာ

Like · ·
In: ကဗျာ Posted By: Date: Jun 18, 2013
Comment #1

ကိုယ်ဟာ
အခုထိ
ဖြိုခွဲဖျက်ဆီးခံရမယ့်သူများစာရင်းမှာ
နံပါတ်တစ်ပဲဆိုပါတော့

commentinfo By: kyawsanoo at Jun 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment