Professional Authors

လယ်ကွင်းအစပ်မှာ လေတဟူးဟူး

စိတ်ကူးထားတဲ့အကိုင်းမှာ
ငှက်ကလေးက မနားဘူး ။

အရင်ဘ၀ကခုံတန်းပြာလေး
အခု
စူးဝင်နေတဲ့သံနဲ့
ဆွေးမြည့်နေတဲ့သစ်သား
ငါတို့ သူသေကိုယ်သေချစ်သွားကြတာ ။

ဒီဘ၀မှာ
မီးလောင်ခြင်းဟာ ရှုခင်းတစ်ခု
နောင်ဘ၀မှာ
အလံတစ်ဝက်ချထားခြင်း နှင်းများ ။

ဘယ်ဆီဘယ်ဝယ်
တောင်စွယ်မှာ နေကွယ်မှာလား
ပင်လယ်မှာ နေ၀င်မှာလား
ရောက်ရာအရပ်က ညနေခင်းများ
အုတ်စီ
သံချည်သံကွေး
နံရံဆေးတိမ်ပြာပြာ
တကယ့်ဘ၀ကိုသာ ငါတို့ရိုက်ကူးထားခဲ့ပေါ့
ပြန်မလာဇါတ်ကား ။ ။

(စိုင်းဝင်းမြင့်)
မြှားနတ်မောင် – နိုဝင်ဘာ ၊၂၀၀၂ ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment