Professional Authors

ဘ၀င်မြင့်ရောဂါသည် (သို့) ခေတ်သစ်ကဗျာဆရာ

“ဘ၀င်မြင့်ရောဂါသည် (သို့) ခေတ်သစ်ကဗျာဆရာ”

 

ခံစားချက်အစွန်အဖျားထိ ငါသွားနိုင်ခဲ့ပြီ

ဘယ်သူ ငါ့နောက်လိုက်နိုင်မှာလည်း

ခံယူချက် သွေးစက်က ရဲရဲတောက်

ဘယ်သူမှမကြောက်ဘဲ ငါ့လမ်းပေါ်မှာ ငါလျှောက်

နှလုံးသားခံစားမှု အထွဋ်ထိပ်

ဘယ်လူသားနဲ့မှ တုနိုင်းမရ

ငါသည် ကမ္ဘာကို ရောင်စုံချယ်တဲ့ ကဗျာဆရာ

ငါရေးသမျှသည် အမှန်တရား

ငါ့ဝါဒသည် ထာဝရ

ပြိုင်ဘက်မရှိ ငါတောက်ပသည်

ကောင်းကင်ထက်က နေမင်းအလား

ဝေဖန်ကြည့်စမ်း ငါ့ ကဗျာ

ငါ့အတွေးအခေါ်ကို မှီနိုင်ရဲ့လား

ညနေချို လေပြိုချိန်မှာတောင် ချိုအီမွှေးတယ်

ငါသည် ကဗျာဆရာ…။..။

လူသစ်

In: ကဗျာ Posted By: Date: Jun 9, 2013
Comment #1

🙂

commentinfo By: ei lay at Jun 11, 2013
Comment #2

ဟုတ်လှချည်လား…….xD….

commentinfo By: shwe sin at Jun 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment