စင် ကြယ် တဲ့ ကြယ် စင် တေး
အို…လောကရဲ့ တိမ်တိုက်တို့
မောဟိုက်နေသော ငါ့နှလုံးသားအား
လှောင်ရယ်ခြင်း မပြုမိပါစေနဲ့…
ငါ့နှလုံးသား၏ မောလျခြင်းသည်
ငါ့သခင်၏ ပျော်ရွှင်မှုတရားကို ရေးထိုးခဲ့၏..
သင်တို့ မသိကြလေ သလော…။
ထိုသို့ဖြင့်
တောရိုင်းပန်းကလေးကို ချိုး
သစ္စာကို
တယောမှာတပ်၍ ထိုးခဲ့သည်..
နတ်ဘီလူးကြမ်းတို့ အုပ်စိုးအပ်သော ငါ့ပခုံးထက်
ငြိမ်းချမ်း ငှက်တို့ အခါခါ ရပ်နားခဲ့ကြ၏
သင်တို့ မသိကြ လေသလော…။
ငါသည် လူသားဖြစ်၏
သက်တံ့ကို ဆွဲချ၍ အမိုးမပြုလုပ်နိုင်..။
ထို့ကြောင့်..
နှင်းခဲတို့ အသွယ်သွယ် ထိခတ်၏..
မိုးစက်တို့ အခါခါ ရိုက် ပုတ်၏
အပူတန်းများအောက်တွင်
ငါသည် ခမ်းခြောက် ညစ်စုတ်ခဲ့၏..
လူငယ်လမ်းမက နာတာရှည် ညနက်များ
ငါ့သွေးကို တစ်စက်ခြင်း ဖောက်ယူခဲ့ကြ၏.။
တက်နင်းခံရမှာကို မကြောက်
သူနင်းက ငါသည် မြက်ခြောက် ဖြစ်မည်…။
ထိုမှတစ်ဖန်
ပြန်ရှင်ခွင့်ရခဲ့သော်
ကျရှုံးမှုအကြောင်းကို သတိရ၍
ငါ ပျော်မည်..
ထို့နောက် တဖန်
ငါသည် ခေါင်းငုံ့ပြန်ပါဦးမည်…
ဦးမမော့ ရဲသူ၏ ကျောပေါ်
အဖန်ဖန် ဖြတ်လျောက်
နေခြည်လို တောက်ပနိုင်ပါစေ..ငါ့ကြယ်စင်.
ညနေခင်းဆီက
ခိုးဝှက်ထားခံရတဲ့
အလင်း လက်တစ်ဆုပ်စာ..
ကဗျာဆရာရဲ့ စိတ်ကူးမှာ အုံ့မှိုင်းနေတယ်…
ဆောင်းနှောင်း အတွေးတွေ ကိန်းအောင်း..
အဲဒီ
လမ်းမီးတိုင်ဟောင်း ကြီးရဲ့ အောက်မှာ
ကဗျာ ရယ် ငါရယ် ဟာ တသားတည်းဖြစ်သွား…
ငါရယ် ကဗျာရယ်ဟာ တသားတည်းဖြစ်သွား…
၂၀၁၃ ခုနှစ် ရဲ့ ညနက် အဘိဓမ္မာဟာ
သာယာမှုပုံရိပ်တို့ရဲ့ ပြဒါးလိုမျိုး….။
ဤသို့လျင်ပဲ
သင့်ကို ချစ်ခဲ့ပါတယ် ကြယ်စင်..။
ပင်လယ်ထဲ ပစ်ချခံရတဲ့ မီးခဲလိုမျိုး…
ချိုးနှိမ် ခြင်းဖြင့် သင့်အား ခစားခဲ့ပါရဲ့..။
ဝလုံး နဲ့ သုည လိုမျိုး
ငါ နဲ့ ကဗျာဟာ
မျက်လုံးနဲ့ ခွဲခြားမရနိုင်ဘူး…။
ငါ့ကဗျာတွေက နင့်ကိုချစ်သလိုမျိုး…
နင့်ကို ချစ်ခဲ့တဲ့ ငါပါ ကြယ်စင်..
ဟိုးအရင် အနုပညာနတ်သမီးကဗျာကစ
ငါ့ကဗျာတွေမှာ
နင့်ရဲ့သွေးတွေ စီးဆင်းနေကြတယ်..။
စကားလုံးတွေ ရှုံးနိမ့်ရတဲ့အခါ
တိတ်ဆိတ်ခြင်းက စကားပြောတယ်…။
မောလျနေတဲ့ ည ကိုမေးကြည့်တဲ့အခါ
အသံတစ်ခုဟာ
ပဲ့တင်အခါခါ ထပ်လိမ့်မယ်……
….ချစ်…တယ်…….။
မီးတောက်ရစ်သမ် မှ ငါ့ကိုလွှတ်ချလိုက်၏။
ရစ်သမ်ပျောက် နေသော မီးတောက်သည်
ငါဖြစ်သည်….
မြူတွေကို ကောက်ထည့်ခဲ့သောလွယ်အိတ်ကို
တစ်ခါတစ်ခါ ခေါင်းဦးအိပ်တတ်သည်…
သို့သော်…
ချစ်သူကို မြင်ခြင်းဖြင့်
ငါ့အိပ်မက်တွေ သန့်ရှင်းကြ၏…။
စကားအစစ်သည် တစ်ခွန်းတည်းသာ ရှိသည်ဆိုပါစို့..။
ရင်ခုန်ခြင်း တရားဖြင့်
နတ်ဆိုးများထံပို့မည့် ရာဇသံအား
ကြယ်စင်..
ငါ့အား သင်မွေးဖွားပေးခဲ့ပြီ….
အို…သခင်
အသက်၁၉နှစ် ချာတိတ်ကလေးရဲ့အချစ်ကို
မျက်ကွယ်မပြုပါနှင့်…။
အချစ် ကဗျာနှင့်ကောင်လေးတစ်ယောက်အား
အိပ်မက်တွေမှာ မြင်ပါ..
လက်ဆွဲ နုတ်ဆက် ပါ
မိုးတိမ်ကမ်းပါးမှာ သူ့ပါးကို နမ်းပါ..
“နင့်ကဗျာလေးတွေကို ငါကြိုက်တယ်” လို့ပြောပါ..။
ကြယ်စင်..
သင့်တေးချင်းဖြင့်
ထာဝစဉ်
စင်ကြယ်ရပါလို၏…။
နိုးဆက် နေ့
Comment #2
ဤသို့လျင်ပဲ
သင့်ကို ချစ်ခဲ့ပါတယ် ကြယ်စင်..။
ပင်လယ်ထဲ ပစ်ချခံရတဲ့ မီးခဲလိုမျိုး…
ချိုးနှိမ် ခြင်းဖြင့် သင့်အား ခစားခဲ့ပါရဲ့..။
ဝလုံး နဲ့ သုည လိုမျိုး
ငါ နဲ့ ကဗျာဟာ
မျက်လုံးနဲ့ ခွဲခြားမရနိုင်ဘူး…။
ငါ့ကဗျာတွေက နင့်ကိုချစ်သလိုမျိုး…
နင့်ကို ချစ်ခဲ့တဲ့ ငါပါ ကြယ်စင်..
ဟိုးအရင် အနုပညာနတ်သမီးကဗျာကစ
ငါ့ကဗျာတွေမှာ
နင့်ရဲ့သွေးတွေ စီးဆင်းနေကြတယ်..။
Love this poem much …. နှစ်သက်မိပါတယ်ခင်ဗျာ အားပေးနေလျက်ပါ
By: အသဲကွဲမိုး at May 31, 2013
Comment #3
အားပေးလျက်ပါဗျာာာ။
By: အရိပ် at May 31, 2013
Comment #4
တက်နင်းခံရမှာကို မကြောက်
သူနင်းက ငါသည် မြက်ခြောက် ဖြစ်မည်…။
ထိုမှတစ်ဖန်
ပြန်ရှင်ခွင့်ရခဲ့သော်
ကျရှုံးမှုအကြောင်းကို သတိရ၍
ငါ ပျော်မည်..
ထို့နောက် တဖန်
ငါသည် ခေါင်းငုံ့ပြန်ပါဦးမည်…
ဦးမမော့ ရဲသူ၏ ကျောပေါ်
အဖန်ဖန် ဖြတ်လျောက်
နေခြည်လို တောက်ပနိုင်ပါစေ..ငါ့ကြယ်စင်.
By: * at Jun 1, 2013
Comment #6
အချစ် ကဗျာနှင့်ကောင်လေးတစ်ယောက်အား
အိပ်မက်တွေမှာ မြင်ပါ..
လက်ဆွဲ နုတ်ဆက် ပါ
မိုးတိမ်ကမ်းပါးမှာ သူ့ပါးကို နမ်းပါ..
“နင့်ကဗျာလေးတွေကို ငါကြိုက်တယ်” လို့ပြောပါ..။
ကြယ်စင်..
သင့်တေးချင်းဖြင့်
ထာဝစဉ်
စင်ကြယ်ရပါလို၏…။
အတော်ကိုမိုက်တယ် ဘယ်နှစ်ခါဖတ်ဖတ် ပြန်ဖတ်ချင်နေတာမျိုးပဲ နိုးဆက်နေ့
By: မေပျို at Jun 1, 2013
Comment #7
အားပေးသူတွေရော…ရယ်ပြသူတွေရော…နှိုးဆော်လို့ ရောက်လာသူတွေရော ကျေဇူးပါ 🙂
By: 13th at Jun 1, 2013
Comment #9
ပျောက်သောသူကြီး တကျော့ပြန်လာတယ်ပေါ့… gtalk ကိုလည်းကြွခဲ့ဦး..အားရင်
By: 13th at Jun 2, 2013
Comment #10
nice bro. NICE
By: ရင်ဝှက်ပန်း at Jun 2, 2013
Comment #11
ကျေးဇူးဗျာ အမိ… မရောက်တာကြာလို့ reply မပြန်ဖြစ်တာ.. ဆောရီး 😛
By: 13th at Jun 9, 2013
Comment #12
🙂
By: ei lay at Jun 9, 2013




Comment #1
good ဗျာ