Professional Authors

ညစစ်ပွဲ

တောင်တန်းနဲ့ဝင်ဆောင့်
နေမင်းရဲ့သွေးတွေ
တိမ်တွေထိအောင် ရောက်တယ်
ကမ္ဘာကြီးမျက်နှာတစ်ခြမ်း
မည်းခနဲ့ ဖြစ်သွားရှာတယ်
သက်ရှိအားလုံးလည်းတိတ်လို့
နေမင်းအတွက် စိုးထိတ်နေကြတယ်
အမှောင်နဲ့အအေးက
လက်ဝါးချင်းရိုက်
ကမ္ဘာမြေကိုသိမ်းပိုက်လိုက်တယ်
ကြယ်တွေက တလက်လက်ပြုံးလို့
နေမင်းရဲ့နိဂုံးကို
အမုန်းနဲ့ကြည့်တုံးပဲ
လမင်းက မှုန်ကုပ်ကုပ်
တိမ်တွေကို အကာလုပ်ပြီး
ပုန်းနေလေရဲ့
လေနတ်သားက တိမ်တွေကိုရိုက်ပုတ်
လမင်းကို ဆွဲထုတ်တော့
ကြယ်တစ်ချို့တောင်
လန့်ပြီးကြွေကုန်တယ်
ချစ်သူ…..ဆုတောင်းလေ……

In: ကဗျာ Posted By: Date: May 24, 2013
Comment #1

မိုက်တယ်

commentinfo By: ei lay at May 25, 2013
Comment #2

တောင်းသွားတယ် ဟိ
မဆိုင်ပေမယ့်

commentinfo By: မေပျို at May 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment