Professional Authors

ပုဂံ (၀င်းမြင့်)

အဟောင်း
တောင်လို ပြိုတော့မယ့် မိုးလို
တစ်ခါက တစ်ဘ၀များ
 
အဲဒါတွေ အားလုံးထားခဲ့တော့
ထနောင်းကြောင်ခြစ်ပင်တွေလို နေထိုင်တယ်။
 
နံရံမှ နံရံသို့ စကားတွေပြောလို့
အရိပ်က အရိပ်ပေါ် ထီးမိုးလို့
သမိုင်းပေးသောဆုမှာ
ပြတင်းတွေကို တစ်နေကုန် ဖွင့်ကြည့်မှာပဲ
နားတွေကို အသံကုန် စွင့်ထားလိုက်မှာပဲ။
 
ငါက တစ်ပါးသူ အရေပြားအတွက်
တခါက သနပ်ခါးပင်လေး ဖြစ်တယ်။ ။
 
ဝင်းမြင့်
Comment #1

ကောင်းတယ်နော် သနပ်ခါး ပင်လေးရေ………….

commentinfo By: shinelalin at May 17, 2013
Comment #2

မိုက်တယ်

commentinfo By: ei lay at May 18, 2013
Comment #3

ကြိုက်တယ်ဗျာ ……….

commentinfo By: ko paing at Jul 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment