Professional Authors

ငွေလမင်းသို့  သံယောဇဉ်ကြိုး

ဒီညလေ …
ကျွန်တော်ကောင်းကင်ကိုမော့ကြည့်မိတယ်
လမင်းလေးထံ တီးတိုးရွတ်ဆိုနေမိတယ်
ပြုံးနေပေးပါ
မေ့အတွက်ကျွန်တော်ကဗျာရေးနေတယ် … ။

မေဟာကျွန်တော့်ကမ္ဘာရဲ့ 
လမင်းလေးတစ်စင်းပါ
ကျွန်တော့် ရဲ့ အသွေးသားထဲမှာ
ထာဝရလည်ပတ်နေတဲ့
တစ်ခုထဲသောအရာလေးပါ … ။

သံယောဇဉ်ဆိုတဲ့ကြိုးလေးလား
လှပတဲ့ကြိုးလေးမဟုတ်ပါဘူး
တို့ နှစ်ယောက်ရဲ့ ဖြူစင်တဲ့ကြိုး
အရောင်မစွန်းတဲ့ ကြိုးလေးပါ
ခေတ္တချည်သွားမှာလား
ထာဝရချည်သွားမှာလား … ။

In: ကဗျာ Posted By: Date: May 4, 2013
Comment #1

ထာဝရချည်မှာပါ

commentinfo By: မေပျို at May 4, 2013
Comment #2

Definitely forever

commentinfo By: ei lay at May 5, 2013
Comment #3

Forever 🙂

commentinfo By: loafer at May 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment