Professional Authors

နွေအလှရှင်


ပွဲအတာ ခါတော်မီဖို့
ချိန်ရာသီနွေအတွင်းမှာဖြင့်
ထိန်ဝါရည်ရွှေအဆင်းတွေနဲ့
ရှိန်တပြင်း နေပူမှာ
လေယူရာ ဘယ်ညာနွဲ့
ပွင့်ခဲ့ကြ ငုရွှေဝါ။

လူ့ပြေမှာ ရွှေပိတောက်တို့
ခြေပေါက်လို့ ကြွမလာခင်
နွေတလျှောက် တို့ အလှပါဆင်မယ်
ခဏမြင် မကွယ်နိုင်ပါဘု
မိုးဖြိုင်ဖြိုင်သွန်းချိန်ထိ
ထွန်းတောက်တောက် ထိန်ထိန်ဖြာ။

ရှေးစာဆို ဆရာများတို့
အမှတ်ထားလို့ မဖွဲ့ကြပေ
တစ်ရက်သားမို့ ငဲ့ကြလေတယ်
ပိတောက်နဲ့တွဲကာမှ
ပွဲကတင့်သယောင်
ရင်နင့်အောင်နာရပါတဲ့
နဲလိုက်ပဘုန်း။ ။

ဘုန်းကံမှာ လွန်နဲတာမို့
ဂုဏ်မွဲတဲ့ပန်းမာလာ
ဖုန်တွဲလဲ လန်းဖြာဖြာ
ပန်းဝါဝါ တော်မဝင်လို့
ပန်ဆင်သူတကယ်ကင်းသော်လည်း
မာန်တင်းကာနွေအလှဝေဖို့
မြေခကြွေ ကမ္ဗလာခင်းချိန်ထိ
ဝင်းထိန်လှတုန်း။ ။

In: ကဗျာ Posted By: Date: Apr 22, 2013
Comment #1

ကြိုက်တယ် ဆရာ………………

commentinfo By: aunglay at Apr 22, 2013
Comment #2

အရေးနှင့်အတွေးလေးတွေ သဘောကျနှစ်သက်ပါတယ်ရှင်

commentinfo By: မေပျို at Apr 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment