Professional Authors

ညီမလေးသို့ သင်္ကြန်ကြိုမှာတမ်း

ညဟာ
ကြယ်စုံလွန်းတော့လည်း ကြည့်မလှပြန်
ဝှတ်သင့်သလောက်ဝှတ်ထားလိုက်ပါ။
ရေသန့်ဗူးပဲဖောက်ထည့်ထည့်
လက်ဆေးရေမှန်းသိသိကြီးနဲ့တော့
ဘယ်သူမှမသောက်။

စစ်တုရင်မှာ
ဘာကောင်တွေဘယ်လောက်စားထားထား
ဘုရင်ကျတာနဲ့မင်းရှုံးပြီ။
ကင်းပေးကင်းသတ်နည်းနဲ့
ကင်းဝင်အောင်ရွှေ့ဖို့ဆိုတာလည်း
ဆူးပေါ်ကျတဲ့ဖတ်မဟုတ်လား။

ကြွေပြီးတဲ့ပန်းကိုင်း
ပြန်ထိုးလို့ လန်းရိုးမရှိဘူးကလေးရေ
ဓားသွားပေါ်ကပျားရည်စက်အတွက်
လျှာပြတ်တော့ခံဖို့မသင့်။

In: ကဗျာ Posted By: Date: Apr 11, 2013
Comment #1

အတွေးသစ်တွေလှတယ်

commentinfo By: မေပျို at Apr 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment