Professional Authors

ဇာတ်နာ

ဇာတ်နာ
……….

မှောင်သထက် ပိုမှောင်ဖို့
ကိုယ့်အမှောင် ကိုယ်ပြန်ရှောင်နေရတဲ့ ညမှာ
အလင်းနဲ့ တူတာဆိုလို့
စက္ကူထူထူမှာ ထည့်သွင်းဘောင်တပ်
ဘယ်တော့မှ မျက်တောင်မခတ်တဲ့
………..မျက်နှာလှလှပဲရှိတယ်။

ကောင်းကင်မှာ ကြယ်တွေလက်ပ
ကဗျာတွေ ညတိုင်းပွက်ထနေပေမယ့်
မျှော်လင့်ချက်တွေကတော့ ပျက် ကျ သေ ဆုံး
အဲ့ဒါထက်
နေ့စဉ် လရောင်ငတ်တာက ပိုရှုံးတယ်။

ဒီလိုပါပဲ
ကံကြမ္မာနဲ့ ဇာတ်တိုက်ထားသလိုမျိုး
ဒိုင်ယာရီကို ဖတ်လိုက်တာနဲ့
ငါ့အလွမ်းတွေ ကပ်ဆိုက်နေကျ.။

In: ကဗျာ Posted By: Date: Apr 5, 2013
Comment #1

ဒိုင်ယာရီကို ဖတ်လိုက်တာနဲ့
ငါ့အလွမ်းတွေ ကပ်ဆိုက်နေကျ.။

အားပေးသွးပါ၏။

commentinfo By: moezat at Apr 6, 2013
Comment #2

!_!
!_!
!_!

commentinfo By: ei lay at Apr 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment