Professional Authors

မန္တလာ

မန္တလာ!
ဗုံသံ ပတ်သံတွေမပေးပါနဲ့
အစကတည်းက
ငါက
နင့်ဆီကိုဆိုက်နေမယ့်
လမ်းတစ်လမ်းပါ
ဒီသင်္ကြန်
အလှဆုံးကာရံတွေနဲ့
နင့်ဆီ
…ပြန်မယ်

*****************************
ရက်ရွေးမနေပါနဲ့ ….ကိုကိုရယ်
အသက်ကလေးရယ် ရှည်စေလို..
မြနန္ဒာ ရေညိုသန်းတယ်
မန်း…မန်းတောင်ရိပ်ခို
တွေးရတာ
ရှေးကစာတွေကြားရင်ကို
အသက်ကလေးရယ် ရှည်စေလို
မြနန္ဒာ ရေညိုသန်းတယ်
မန်း..
မန်း တောင်ရိပ် …ခို၊၊

ပေါ်ပေါ်ထင်ထင်နဲ့
တန်ခိုးကြီးတဲ့မန္တလာအရပ်မှာဆို...
ပျော်ပျော်ရွှင်ရွှင်နဲ့ အမျိုးသမီးများ တံ တြာ တေးတွေဆို…
ဆိုကြပါ သကို…

*****************************
“တောင်သမန်
ရေအခင်း
ငွေအဆင်းသို့နှယ်”
ရှေးကဆိုတယ်
အိုကွယ်
အိုဘယ်ဋ္ဌာန သည်ဋ္ဌာန၀ယ်
ထွန်းပ ၀န်းကျယ်
အံ့ဖွယ်သြဖွယ်
အော်
အောင်ပင်လယ်..အောင်ပင်လယ်..အောင်ပင်လယ်..အောင်ပင်လယ်..

******************************

In: ကဗျာ Posted By: Date: Mar 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment