Professional Authors

မာယာ

ကောင်းကင်ကို မော့ကြည့်မိတာ 

ကြယ်တွေ ကြွေခိုင်းဖို့ မဟုတ်ရပါဘူး .. 

မျက်ရည်တွေ ထိန်းထားချင်ရုံသက်သက် … ။ 

 

လွယ်တဲ့ အရာတွေ ခက် .. 

ခက်တဲ့ အရာတွေ ပို ပို ခက် .. 

မရယ်ချင်လဲ ရယ်နေတော့ 

အိပ်မက်တွေက ခါးတယ် … ။

 

ကိုယ်တိုင် ကိုယ်ပိုင် .. 

ဟင့်အင်း .. ဒါက .. 

ကိုယ်ဆိုင် ကိုယ်မပိုင် … 

ကွယ် … အချစ်ဆိုတာ ဝေစားဖို့မှ မဟုတ်ပဲရယ် … ။

 

နင်နဲ့ပတ်သတ်ရင် 

လက်သည်းခွံလေးကအစ 

အစွဲအလမ်းကြီးနေတတ်တာ 

ငါ့အတွက် ကျိန်စာ … ။ 

 

နင်နဲ့သာ အတူ ရှိ .. 

အမှတ်တမဲ့တိုင်းက 

အမှတ်တရ ဖြစ်စေရမယ် ..

အနမ်းတစ်ခုက အစ .. ငေးကြည့်နေပုံလေး အဆုံး … ။ 

 

ငိုနေရဖို့ ချစ်ခဲ့တာ မဟုတ်ဖူးရယ် … 

မျက်နှာလေး ချီ .. ခပ်ထေ့ထေ့ လေး ပြုံးပြမယ်

နင့်ကို မမြင်ချင်စေဆုံး အရာတွေထဲမှာ 

ငါ့မျက်ရည်တွေ ထိပ်ဆုံးက ပါတယ် … ။

 

ချစ် … 

နင်ခေါ်တုန်း ငါ ချက်ချင်းလှည့်မကြည့်မိရင် 

စိတ်မဆိုးနဲ့နော် … 

ငါ့မျက်ရည်တွေ သိမ်းဖို့ .. 

စက္ကန့် အနည်းငယ်တော့ ငါ လိုအပ်တယ် … ။ 

 

ကောင်းကင်ကို မော့ကြည့်မိတာ 

ကြယ်တွေ ကြွေခိုင်းဖို့ မဟုတ်ရပါဘူး .. 

မျက်ရည်တွေ ထိန်းထားချင်ရုံ သက်သက် … ။ 

In: ကဗျာ Posted By: Date: Mar 5, 2013
Comment #1

million ths
plz let me copy.

coz i feel so lonely.
also looking at the sky with tears.

commentinfo By: ei lay at Mar 5, 2013
Comment #2

ခံစားအားပေးသွားပါတယ် …။ 🙂

ကောင်းကင်ကို မော့ကြည့်မိတာ

ကြယ်တွေ ကြွေခိုင်းဖို့ မဟုတ်ရပါဘူး ..

မျက်ရည်တွေ ထိန်းထားချင်ရုံ သက်သက် … ။

commentinfo By: loafer at Mar 5, 2013
Comment #3

အားပေးကြတာ .. ကျေးဇူးပါနော် .. 🙂

commentinfo By: nge at Mar 6, 2013
Comment #4

ရင်ထဲကဝေဒနာကိုကဗျာအဖြစ်ရေးဖွဲ့တတ်မှတော့လွမ်းတတ်ဖို့မလိုတော့ပါဘူး

commentinfo By: ဇေယျာမင်း at Mar 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment