Professional Authors

တစ် ကိုယ် ကြား

လေနီကြမ်းတွေဟာ
မသိမသာ တစ်မျိုး
သိသိသာသာတစ်မျိုး
ပစ္စုပ္ပန်ကို သွေးထိုးလို့ 
အလွမ်းတွေ ခိုး
ပြီးတော့ အရောင် ဆိုး ပစ် လိုက် ကြတယ်

အနီရောင်ပြောင်းလိုက်
အဖြူရောင် လွှားလိုက် နဲ့ 
ရောင်စုံခြယ်စကားလုံးလေပွေ
အနာဂတ်တွေ တိမ်းစောင်း
သွားလောက်အောင် ရမ်းတယ်

သူ့  အသည်းဟာ
သက်တမ်းတိုလေးမို့ 
လှုပ်လီလှုပ်လဲ့  …
လေ အလူး မှာ
အိပ်မက်တွေ ခူး ခံ ရတော့ မတတ်
စိုး ထိတ် ကြောက် လန့် 

အဖျက်သမား ရာသီဟာ
သုံးဆယ့်တစ်ဘုံမှာ ကိုယ်ခွဲရှင်သန်နေကြောင်း

ဓားထစ်ရာ အထပ်ထပ်နဲ့  နှလုံးသား က
အသိပေး ရောင်ခြည်ဖြန့် တယ်

မျှော်လင့်ချက်တွေကို ခြေဆန့် ထား လိုက်ပါ ကွယ်

မနက်ဖြန်ဟာ ဒီနေ့ ထက် ပိုမလှနိုင်ပါဘူး

အချိန် တန် တော့ လည်း လေနီကြမ်းဟာ
သူ့ အလိုလို အတောင်ကျိုးသွားပါလိမ့်မယ်

စွတ် စို ထိုင်း မှိုင်း
မိုးသည်းညတွေ
လွန် ရင် တော့ဖြင့်
နှစ်ယောက်အတူ ဆို တဲ့
စိတ်ကူး ကို ခင်း
သံသယမှန်သမျှ
“မဝင်ရ” လို့  တရားဝင်
ကန့် သတ်ထားရင်း

သည်နှစ်ဆောင်းမှာ မြူမှိုင်းတွေ
အုံ ဆိုင်း မ နေ စေ ဖို့ 
လေနီကြမ်း ကို
စိန်ခေါ် …. အံတု ….
ဘယ်သူ့ မှမမှုတဲ့ နှလုံးသားနှစ်ခု ….အကြောင်း
တိုးတိုးဖွဖွလေး သံပြိုင် ဆိုညည်းကြစို့ ကွယ်

အဲဒီလက်ဖဝါးလေးတွေ ဟာ
ပြောင်းလဲခြင်းအတတ်ကို
စွန့် ပြစ်ချေမှုန်း
သုံးရာသီစလုံးမှာ
အတူတကွ မြဲမြံခိုင်မာနေဖို့တော့ လိုတယ်

In: ကဗျာ Posted By: Date: Mar 5, 2013
Comment #1

style…. ka eye nae see ya ma lo phyit…..nay tal..naw……2 khar read …2 khar ….like…..

commentinfo By: bone lay htet lwint at Mar 5, 2013
Comment #2

Ohhhhhh….. so good Ma Moe

commentinfo By: နွေ at Mar 6, 2013
Comment #3

ကောင်းတဲ့ ကဗျာ…..

commentinfo By: moehtetaung18 at Mar 7, 2013
Comment #4

Warrrrrrrrrrr… very very good my sis

commentinfo By: yonlay at May 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment