Professional Authors

“မငိုပါနဲ့”

မငိုပါနဲ့ကွယ်
ရက်စက်တတ်သူဆိုတာ
မငိုရပါဘူး။

ကျန်ခဲ့ရတဲ့သူက
ငိုစရာတင်မက
နာစရာပါရှိနေတတ်ပါတယ်။

ဘယ်လိုဆွဲဆောင်အားတွေကြောင့်
ဒီသစ္စာကိုတောင် ဖောက်ဖျက်ရဲခဲ့သလဲ
အပြစ်တင်ဖို့တောင် အားမရှိတော့ပါဘူးလေ
ဘယ်မေတ္တာကို
ဘယ်လိုစိတ်နဲ့ ယုံရတော့မှာလဲ
စိတ်ကိုပါ သတ်ခဲ့သူရေ။

နှုတ်ဆက်ချိန်မှာ
ရိုးရိုးလေး နှုတ်ဆက်ပါကွယ်
မင်းမျက်ရည်ကို ယုံရခက်ပါတယ်။

ရက်စက်တတ်သူ ငိုပြရင်
“လှည့်စားတတ်သူ” လို့ နာမည်ထပ်ရမယ်
မငိုပါနဲ့လေ။  ။

In: ကဗျာ Posted By: Date: Feb 28, 2013
Comment #1

mike de kwa

commentinfo By: ei lay at Feb 28, 2013
Comment #2

ရက်စက်တတ်သူ ငိုပြရင်
“လှည့်စားတတ်သူ” လို့ နာမည်ထပ်ရမယ်
မငိုပါနဲ့လေ။ ။
…………………..
အားပေးသွားပါသည်။

commentinfo By: နွေ at Feb 28, 2013
Comment #3

နှုတ်ဆက်ချိန်မှာ
ရိုးရိုးလေး နှုတ်ဆက်ပါကွယ်
မင်းမျက်ရည်ကို ယုံရခက်ပါတယ်။

မိုက်သဗျ ~

commentinfo By: X - ray at Jul 25, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment