Professional Authors

အတွေး

မင်းအချစ်က
ကောင်းကင်လို
အရောင်ပြောင်းတယ်လို့
ငါပြောခဲ့သလို
ငါ့အချစ်က
တိမ်တွေလို
သွားချင်ရာသွားတယ်လို့
မင်းပြောခဲ့တယ်။

ဒါပေမယ့်လည်း
ခုချိန်မှာ ကဗျာတွေနဲ့
ရေးစပ်မိတာ ငါ့အတွက်
ခံစားမူ့တွေ
ခံစားချက်တွေ
မရပ်မနား ပေးနေသေးတဲ့
အရိပ်ပုံရိပ်များနဲ့မင်း
ငါ အလွတ်ရနေဆဲပါ
ငါဟာတိမ်လိုအချစ်နဲ့
ချစ်ခဲ့တာမဟုတ်ဘူးဆိုတာ
ဒီစာသားတွေက
သက်သေလို့ပြောရင်တောင်
တချိန်က ချစ်သူလေး
မင်း…..တွေ့မြင်ပါ့မလားလေ……………..

In: ကဗျာ Posted By: Date: Jan 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment