Professional Authors

ငါမရှိတဲ့နေ့

မနေ့နဲ့ဒီနေ့ကတစ်ရက်ပဲခြားတယ်
ဒါပေမဲ့အကုန်ပြောင်းကုန်ပြီနော်
၂၀၁၂ ကနေ ၂၀၁၃
ပြီးတော့နောက်ထပ်နောက်ထပ်

ဘယ်သူတွေဘယ်လောက်သစ်သစ်ပါ
ငါ့ရင်မှာသိမ်းထားတဲ့အဟောင်းသာ
ငါ့ရဲ့ အသစ်လွင်ဆုံးအရာပါ

နင်မငိုနဲ့နော်
စိတ်လည်းမညစ်နဲ့
စိတ်လည်းမပျက်နဲ့တော့
နင့်အနားကငါထွက်
အိပ်မက်တွေကိုလိုက်ကာချလိုက်မယ်

နေလိုအလင်းမျိုးလည်းငါပေးခဲ့တယ်
စူးရှတယ်ဆိုလို့အရောင်ပြောင်း
ငါတစ်ဖန် လ ဖြစ်ခဲ့ပြန်တယ်
ဒါပါပဲ လူဆိုတဲ့ သတ္တ၀ါဟာ
လိုတာမရ ရတာမရမလိုတာပဲ
နင်လိုရာသာထွက်
ငါ့လိုတစ်နေ့တာမျိုးနင်
လိုက်ရှာကြည့်လိုက်ပါ

အပိုတွေလည်းမပြောတော့ဘူး
ပို့နေကျ massage လည်းမမျှော်ပါနဲ့တော့
တစ်ခါတစ်လေ ညတာရှည်လွန်းရင်
အိပ်မက်ကခြောက်တတ်တယ်လေ
နင်အိပ်ပါ
နှစ်နှစ်ခြိုက်ခြိုက်သာအိပ်ပါ
နင့်ရဲ့နိုးထခြင်းမှာ ငါမရှိစေရပါဘူး
ငါ မ  ရှိ   စေ    ရ    ပါ   ဘူး 

In: ကဗျာ Posted By: Date: Jan 1, 2013
Comment #1

NICE WRITING ~~

With respect,
RAY

commentinfo By: X - ray at Jan 1, 2013
Comment #2

ငါမရှိဖို့ တစ်ဖက်သတ်ဆုံးဖြတ်တာလား

commentinfo By: မေပျို at Jan 2, 2013
Comment #3

မဟုတ်ပါဘူးဗျာ

commentinfo By: ridd at Jan 2, 2013
Comment #4

ဟုတ်ဘူးလား
တစ်ဖက်သတ်ဆုံးဖြတ်သွားတယ်ထင်လို့ပါရှင့်

commentinfo By: မေပျို at Jan 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment