ကျမချစ်သူပါလို့မပြောရဲသူက…-ကဗျာချစ်သူ(ဘုတလင်)
တစ်ချို့ကပြောကြတယ်လေ..
အချစ်အတွက်အသက်ပင်သေသေတဲ့
အသက်ပေးစတေးခဲ့တဲ့အချစ်ကြီးသူတွေ
အများကြီးပါပဲ…
သူရဲကောင်းလို့မခေါ်
မိုက်ရူးရဲလို့ပဲပြောကြတယ်လေ…
ဥပမာတစ်ခုပုံပြုပြောရရင်
‘အီဗာ’ ..ချစ်စနိုးနဲ့ခေါ်ကြတာက ‘အဗီ’
ဟစ်တလာရဲ့ဇနီးလောင်း
တစ်ချိန်တုန်းကတောရွာလေးတစ်ရွာကပေါ့..
စားအတူ၊သွားအတူ ငယ်ချစ်ဦးက ‘ကက်’
ငယ်စဉ်ကတည်းက ကစားဖော်ကစားဖက်
အရွယ်ရောက်ရင်စုံဖက်မယ်လို့
မိဘတွေအကြားကတိထားခဲ့တယ်တဲ့..
ဖြစ်နေတာက အီဗာ
ဗေဒင်ဆရာစကားနားထောင်
ခေါင်ဆောင်ရဲ့ဇနီးဖြစ်မယ်ဆိုတဲ့အတွေးနဲ့
မြို့တက်ခဲ့တယ်လေ..
ဖြစ်ချင်တော့ သူနေတဲ့အိမ်က
ဟစ်တလာဝင်နေကျ..
ထင်ပေါ်တော့စင်တော်ကောက်ပြီပေါ့
သီးသန့်တစ်နေရာ တစ်ထီးတစ်နန်း
အိမ်ကြီးနှင့်ထားသတဲ့
‘ကက်’ တောကချစ်သူ
အချစ်အတွက် အသက်ပင်သေသေ
ချစ်သူရှိရာအရောက်လှမ်းခဲ့ပြီလေ
ချစ်သူကိုအရပြန်ခေါ်
ပြန်ပါလို့အကြိမ်ကြိမ်နားချပေမယ့်
ချစ်သူမပါမပြန်ပါတဲ့
ချစ်သူအတွက်သောကဖြစ်ရတာ ‘အီဗာ’ ..
ဟောလာချေပြီ…ဟစ်တလာ..
ငယ်ချစ်ဦးဆိုတဲ့သံယောဇဉ်ရှိလေတော့
သေတ္တာအတွင်း အတင်းဝင်ခိုင်းလေပြီ
အထဲကအသံ..ဘာသံလဲမသိ
မသင်္ကာဖြစ်မိတဲ့ ဟစ်တလာ
ရဲမက်အကူ ခေါ်ယူစေပြီး
သေတ္တာအတွင်းပြစ်ခွင်းခိုင်းရာ
သွေးသံရဲရဲဖြင့် သေပွဲဝင်လေပြီ
ကျမချစ်သူပါလို့မပြောရဲသူက..အီဗာပေါ့…
ကဗျာချစ်သူ
kyawnainglin174
Comment #2
:'(
:'(
:'(
True story?
Thz so much for sharing ur knowledges.
U r a good reader.
Really envious of u
By: ei lay at Jan 2, 2013
Comment #3
တကယ်ဖြစ်ရပ်မှန်ပါ..ဗေဒင်ဟောချက်က အဲဒါတင်မကသေးဘူး..
နောက်ပြီးလက်ထပ်မဲ့နေ့မှာပဲသေလိမ့်မယ်တဲ့..ဗေဒင်ဆရာကတော့ အကြားအမြေင်ဆရာမကြီးပေါ့..
သူကတောထဲကလှိုင်ဂူထဲမှာနေတာလေ
By: kyawnainglin174 at Jan 2, 2013




Comment #1
အဲဒါ တကယ်ကြီးလားဟင်
ရက်စက်လိုက်တာရှင်