Professional Authors

ဒွိဟ


တစ်နေ့တခြား
ရွေ့လျားသွေ့ခြောက်
မေ့ပျောက်ရင်လည်းအကောင်းသား။

(ဒါပေမယ့်လေ…)
သိလျက်နဲ့
ငြိယှက်နှောင်ထုံး
ရှောင်ပုန်းဖို့လည်း မစွမ်းသာ။

သြော်…
အဖြတ်ခက်သည့်
ပတ်သက်မိစိတ်
အရိပ်လိုတွယ်
အတွယ်လိုရစ်
ဘယ်လိုဖြစ်သည်
ချစ်မိပြီလား
နှလုံးသားထက်
ဆုံးဖြတ်ခက်နေ
ဒွိဟစိတ်နဲ့ နေ့ညရှည်။

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

😉

commentinfo By: ei lay at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment