Professional Authors

အုံ့ပုန်း


ချစ်တဲ့စိတ်ကလေးကို ကျစ်ကျစ်ပါအောင်ဆုပ်
ပေးဆပ်ဖို့တစ်ခုတည်းနဲ့ လူလုပ်နေသူပါ။

တကယ်တော့
ပခုံးသားကြမ်းကြမ်းနဲ့ ရွှေရောင်အနမ်းဆိုတာ
စိတ်ကူးယဉ်ဇာတ်ဝင်ခန်းဆန်လှတယ်။

အချစ်ဆိုတာ
ကိုယ့်ရင်ဘတ်ကိုဖွဖွလေးဖိ
ချစ်သူဓာတ်ပုံကို ခဏခဏကြည့်နေမိခြင်းလား။

ဒါမှမဟုတ်
သူရှိရာအရပ်ကို စိတ်ကူးနဲ့မျှော်ငေး
အလွမ်းကဗျာတွေ ရေးနေမိခြင်းလား။

အဲ့ဒီလို မနီးစပ်ခြင်းတွေနဲ့
အချစ်ရှိရာ အရပ်ကိုမျက်နှာမူ
ထိန်းချုပ်ထားတဲ့ စကားလုံးတွေပွက်ဆူလို့
ချစ်သူရဲ့ရယ်သံဖြူဖြူတွေ အတောမသတ်ဖို့
ကိုယ့်နှလုံးသားကို သော့ခတ်ထားလိုက်ပြီ။

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

Nice

commentinfo By: ei lay at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment