Professional Authors

အချစ်ဆိုတဲ့အချစ်

အချစ်ဆိုတာဆူးဆိုရင်
အဆိပ်ပါတဲ့ ဆူးတောင်
အဆူးခံဖို. ၀န်မလေးဖူး။
အချစ်ဆိုတာပေးဆပ်မှုဆိုရင်
ရှိသမျှပေးဆပ်ဖို.
ငါနုလုံးသားကို စစ်မြေပြင်
အဖြစ်စတေးဖို.တောင်
ဝန်မလေးဖူး။
အချစ်ဆိုတာ ရယူခြင်းဆိုရင်
နင်ကို အနားကနေတစ်ဖွားမှ
မခွာနိုင်အောင်
စုန်းမတယောက် အဖြစ်ခံယူလိုက်ဖို.လည်း
ဝန်မလေးဖူး။
အချစ်ဆိုတာ နားလည်မှုဆိုရင်
နင်တခြားတယောက်
ရင်ခွင်မှာ ပျော်မယ်ဆိုရင်
ငါနုလုံးသားကို
ခင်းပေးလိုက်ဖို.လည်း
ဝန်မလေးဖူး။
အချစ်ဆိုတာ မျှတခြင်းဆိုရင်
မမျှတတဲ့ အရာတွေကို
ရှင်းပေးဖို.စစ်သူကြီး တယောက်အဖြစ်
ခံယူဖို.လည်း ၀န်မလေးဖူး။
ဒါပေမဲ့လေ
အချစ်ဆိုတာလေ
မျက်စိနဲ.နားလည်
နုလုံးသားနဲ.ခံစား
ဖွင့်ဆိုသတ်မှတ်လို.လည်း
မမှီနိုင်တာ မို.
ငါအတွက်တော့
အချစ်ဆိုတာ အချစ်ပါပဲ။

In: ကဗျာ Posted By: Date: Dec 16, 2012
Comment #1

နင်တခြားတယောက်
ရင်ခွင်မှာ ပျော်မယ်ဆိုရင်
ငါနုလုံးသားကို
ခင်းပေးလိုက်ဖို.လည်း
ဝန်မလေးဖူး။

commentinfo By: မေပျို at Dec 16, 2012
Comment #2

Ya bu dot,,
May pyo yae,,
e de 1 chat ka lone wa ya bu.
😛
E lout sate ta baw htar ma pyay wa bu.

commentinfo By: ei lay at Dec 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment