Professional Authors

အလွမ်းကွန်ရက်

မနက်ဖြန်ကို ကြိုသိနေရင်
ပန်းတွေ
ဒီရနံ့အတိုင်းပဲ ပွင့်မှာလား
ချစ်ပြီးရင်လွမ်းလို့
ဘယ်ကျမ်းစာမှာ ပါသလဲ။
နှစ်ကိုယ်ရည် ထိတွေ့ခဲ့သမျှ
လွမ်းရဖို့ ရည်စူးသလိုပဲ ….
ချယ်ရီပန်းအစ
မြေနီလမ်းအလယ်၊ ကဖေးဆိုင်အဆုံး
ပုံရိပ်တွေ ပျက်သုဉ်းမသွားဘူး။
အိပ်မက်က လန့်နိုးစဉ်
ကောင်းကင်ကို မော့ကြည့်တော့လည်း
လွမ်းဆွတ်မှုသာ တစ်ဖွဲဖွဲကျလာတယ်။
ဝေးကွာနေသမျှတော့
ပေးစရာအချစ်ရှိလည်း
(အလွမ်းနှင့် လွတ်အောင်..)
ပြေးစရာမြေမရှိဘူး ညီမလေး …

ရိုးကိုလေးရဲ့ ကဗျာပါ .. အကြိုက်ဆုံးကဗျာဆရာထဲမှာပါလို့ တင်ပေးလိုက်တာပါ

In: ကဗျာ Posted By: Date: Nov 29, 2012
Comment #1

Cute title.
😉

commentinfo By: ei lay at Nov 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment