Professional Authors

ကဗျာအကြောင်း

ကဗျာ
သူလာချင် လာတယ်
အတင်း လက်ကမ်း
လှမ်းခေါ်လည်း မရ ..
အတင်း လက်တွဲ
ဆွဲထုတ်လည်း  မရ …
တကယ်တော့
ငါနှင့် ကဗျာ
ကဗျာနှင့် ငါဟာ
တစ်သွေးတစ်သားတည်းပေါ့ … ။
ကဗျာဟာ
ငါ့ ရဲ့ ရေသောက်မြစ်ဖြစ်တယ်
ကဗျာဟာ
ငါ့ ရဲ့ နှလုံးသားတစ်စုံဖြစ်တယ်
ကဗျာဟာ
ငါ့ ရဲ့ စိတ်လှိုင်းတွေဖြစ်တယ်
ဒီလို ဒီလို
ငါကိုယ်တိုင်းဟာလည်း
ကဗျာချုပ်သလို
ဝတ်ဆင်လိုက်ဖို့ အသင့် … ။
အခု
ကဗျာ့ အကြောင်း
ကဗျာတစ်ပုဒ်ရေးဖြစ်တယ်လေ ..

In: ကဗျာ Posted By: Date: Nov 21, 2012
Comment #1

အခု
ကဗျာ့ အကြောင်း
ကဗျာတစ်ပုဒ်ရေးဖြစ်တယ်လေ ….

commentinfo By: mayviolet at Nov 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment