Professional Authors

ခြေရာ နဲ့  ခြေလှမ်း

လက်ထဲမှာရှိတဲ့ စွန်လေးကိုကိုင် ….
အမြင့်ကြီးကိုကြည့် အဝေးဆုံးလွှတ်တင်လိုက်တယ်
အချိန်ကြာမှ ငါပြန်လိုချင်တော့………..

တိတ်တဆိတ်နဲ့ စောင်ကိုဖယ်ပြီး
ငါနိုးထတုန်း……………………….
အေးစက်ခြင်းတွေခံစားရတော့
တချိန်လုံးငါ့ကိုနွေးထွေးစေခဲ့တဲ့..စောင်လေးကိုကြည့်ပြီး
ချစ်သူရေ..ငါမင်းကိုလွမ်းလိုက်တာ..ဟ

ဒီလိုနဲ့ မျက်နာလေးသစ်သွားတိုက်တုန်း
မှန်ထဲက..သွားကြီးဖြီးပြနေတဲ့ငါ့ကိုငါပြန်ကြည့်မိတော့
အရင်တုန်းက..မင်းရှေ့ရောက်ရင် သွားကြီးဖြဲပြီးပြုံးပြုံးပြတဲ့
ငါ့ကိုယ်ငါသတိရပြီး………………….
သွားဆက်တိုက်ဖို့ .ငါမေ့နေမိတယ်

အဲဒါနဲ့ ပဲအပြင်ထွက်ဖို့ ..ဖိနပ်စီးတော့
ဘယ်တစ်ဖက် ညာတစ်ဖက် ဖိနပ်လေးကြည့်ရင်း
မဆီမဆိုင် “နှစ်လွှာပေါင်းမှတစ်ရွက်ဆိုပြီး စွယ်တော်ရွက်ပေါ်
နာမည်တွေရေးပြီးသိမ်းထားဖူးတဲ့ ” ကျောင်းသားဘဝလေး
ပြန်အမှတ်ရမိတယ်………

တစ်ရက်ပြီးတစ်ရက်ကုန်သွားတဲ့ နေ့ ရက်တွေထဲနေပြီး
ဆရာတော်ရဲ့ သတိပေးစာထဲကလို…
သင်သည် သေဖို့ တဖြည်းဖြည်းနီးလာပြီ 
ဆိုတာ သတိရရင်း……………….
ချစ်သူရေ ငါတို့ လဲတွေ့ ဖို့ နီးလာပါပြီ…….

In: ကဗျာ Posted By: Date: Nov 17, 2012
Comment #1

R,,,,larr larr
Oh my godness
A yann yae dat Dar be kwar.
Daw hma daw.
Heart hti twar p.
😉

commentinfo By: ei lay at Nov 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment