Professional Authors

ဆောင်းညတွေလွန်ရင် ( သို့ ) နိုဝင်ဘာသိစေ

ဆုံတွေ့မှုက သိပ်မထူးခြားဘူး

နိုဝင်ဘာ . . . .

 

ရင်ခုန်သံတွေကတော့

တစ်ဖွာပြီးတစ်ဖွာ ရှိုက်လို့

ငါ့တစ်ကိုယ်လုံး အေး  စက် နေ တရ်။

 

ငါ့ရှေ့မှာရှိတဲ့ ကော်ဖီခါးခါး

တစ်ခွက်ထက်စာရင်

ရင်ခုန်သံ ခပ်ရှိင်းရိုင်းကိုဘဲ

တစ်ရှိက်မှတ်မှတ် လွတ်ထုတ်ချင်နေမိတရ်။

( ချောင်းတွေကလည်း တဟွတ်ဟွတ်နဲ့ပေါ့)

 

နင်မသိဘူး နိုဝင်ဘာ

တရွေ့ရွေ့လှမ်းလာတဲ့ ခြေလှမ်း

အဲ့ဒီခြေလှမ်းနဲ့ ငါ့ဘဝကြီးထဲ

လှမ်းလာလိမ့်မရ်လို့ ( ငါတောင်ထင်မှတ်မထားဘူး)

 

နဖူးပြင်လေးကို ခပ်ဖွဖွနမ်း

ငါ့မြတ်နိုးခြင်းတွေ

သူ့ဆီပုံအပ်လိုက်ပြီ။ နို ဝင် ဘာ

 

နှင်းတွေတဖွဲဖွဲနဲ့ ညနက်ကြီးမှာ

အအေးဒဏ်ကို အံတု

စီးကရက်လေး လက်ကြားညှပ်လို့

တစိမ့်စိမ့်ပြန်တွေး

 

ငါ့ညတွေလှနေခဲ့တရ်

နို ဝင် ဘာ

 

အိမ်ပြန်ချိန်တွေ က စောလွန်းတရ်

နှုတ်မဆက်ဘူး ၊ လက်မပြဘူး

တဖြည်းဖြည်းထွက်ခွာသွားပါ။

 

ငါ့ရှင်သန်ခြင်းတွေ

မင်းနဲ့အတူ ထည့်ပေးလိုက်တရ်

နင်သယ်ဆောင်လို့သွားပါ

နို ဝင် ဘာ

 

ငါ့အလွမ်းတွေကို စားသုံးဖို့

နင့် ရင်ခွင် ထဲ တစ်ခေါက်ပြန်လာခဲ့ဦးမရ်။

 

နို     ဝ င်   ဘာ

 

 

                                                                   မာန်ခက်ဝင့်

                                                       11/10/2011— 11/10/2012

In: ကဗျာ Posted By: Date: Nov 14, 2012
Comment #1

ငါ့အလွမ်းတွေကို စားသုံးဖို့

နင့် ရင်ခွင် ထဲ တစ်ခေါက်ပြန်လာခဲ့ဦးမရ်။

commentinfo By: maypyo22889 at Nov 14, 2012
Comment #2

ငါ့ရှင်သန်ခြင်းတွေ

မင်းနဲ့အတူ ထည့်ပေးလိုက်တရ်

နင်သယ်ဆောင်လို့သွားပါ

နို ဝင် ဘာ

commentinfo By: mayviolet at Nov 14, 2012
Comment #3

Yae tat lun de kwar

commentinfo By: ei lay at Nov 14, 2012
Comment #4

ငါ့ရှင်သန်ခြင်းတွေ

မင်းနဲ့အတူ ထည့်ပေးလိုက်တရ်

နင်သယ်ဆောင်လို့သွားပါ

နို ဝင် ဘာ

ငါ့အလွမ်းတွေကို စားသုံးဖို့

နင့် ရင်ခွင် ထဲ တစ်ခေါက်ပြန်လာခဲ့ဦးမရ်။

commentinfo By: အရိပ်ကလေး at Nov 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment