Professional Authors

ကောင်းကင်သို့ ****

အိပ်မပျော်.စိတ်တော်မတွေပါနဲ့ 

သဥ္ဒာဘွေနန်း.အိပ်ယာခန်းက

မဆုံးဝင့်ထည်.ကောင်ကင်ကြယ်ကို

‘တ’ မျှော်မဆုံး.မော့ကြည့်လိုက်ပါအုံးကွယ်

တိမ်သလ္လာမြူဆိုင်တွေကင်းလို့ . ရှင်းသန့် သန့် 

ကောင်းကင်ဝဋာ. လဲ့ပြာပြာယှက်ကာသန်းနေတာ

အပြောဝန်းကျယ်.သမုဒ္ဒယာပင်လယ်ပြင်ဝယ်

အပြာငယ်မှင်ရည်ဖျော်လို့ 

သဒ္ဒါပို.မောင့်စိတ်ကူးနဲ့ .လိမ်းသုတ်ခဲ့ပါတရ်..

လင်းလက်လက်ဘော်ငွေကြယ်..

‘မမ’အတွက်မောင်ရည်ျရွယ်လို့ 

ငွေမှင်ထည်စင်အစက်ကလေးများလို

တာရာကြယ်လေးများအဖြစ်

ဖန်တီးထားတရ်

လမင်းအလှတရားရယ်’မမ’ အခန်းပြူတင်းတံခါးကို

ဖွင့်လှစ်ကာခံစားကြည့်ပါ

‘မမ’ ပါးပြင်နုနု ဖွေးကိုပြေးကစားလာ

လေပြေနုအေးတို့ 

မောင့်အနမ်းများလို့ မှတ်ယူပေးပါချစ်သူ

ယုံပါတော့

မောင့်အချစ်ကိုစိတ်ချကာဇွတ်မှိတ်ယုံလိုက်ပါတော့နော်******(နှလုံးသားကျောက်ထွင်းအက္ခရာ)

In: ကဗျာ Posted By: Date: Nov 10, 2012
Comment #1

🙂
🙂
🙂

commentinfo By: ei lay at Nov 10, 2012
Comment #2

အားပေးသွားပါတယ်

commentinfo By: 20.4.12******* at Nov 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment