Professional Authors

မျဉ်းပြိုင်

ရင်ခုန်သံတွေ ဗြောင်းဆံ
ဆွဲအားပျင်းတဲ့ သူ့အကြည့်တွေကြောင့်
ငါ့ကိုင်ငါ မပဲ့ကိုင်နိုင်လောက်အောင်
ဆောက်တည်ရာ မရဖြစ်နေပြီ…

နှလုံးသားကလည်း အစိုးမရပဲ
တိုးပွားနေတဲ့ အလွမ်းတွေနဲ့
ဆိုးရွားလာတဲ့ ငါ့စိတ်တွေကြောင့်
ငါ့အသဲမှာ အဆိပ်ခပ်ခံလိုက်ရပြီ…

ပြက္ခဒိန်ထဲမှာ ကြက်ခြေခက်
ရေတွက်ခဲ့ တွေ့နိုင်မယ့်ရက်
မမေ့နိုင်ခဲ့ 11:11 ကို
လွမ်းဆွတ်နေမိတယ်…

သူ့အတွက် ငါကတော့…
သူစိတ်ညစ်ရင် ငါက Joker
သူပျင်းနေရင် ငါက RaPPer
သူပျော်ရင်တော့ ငါက ExTra ပေါ့…

ရင်ထဲကအသိနဲ့ လူတွေရဲ့အကြည့်
မြန်စွာပြောင်းလဲတတ်တဲ့ မင်းရဲ့စိတ်ကြောင့်
ငါ့ရင်ထဲမှာ မိုးထစ်ချုန်းရွာနေပြီ…
ဘယ်ကိုပဲကြည့်ကြည့် မင်းအကြည့်တွေပါပဲလား…

Screen ပေါ်က သူ့အကြည့်နဲ့
History ထဲက သူ့ ပခုံးတဖက်ကို
အဖော်ပြုရင်းပဲ ခရီးဆက်ခဲ့တယ်
မျဉ်းပြိုင်နှစ်ကြောင်းက ဘယ်တော့မှဆုံမှာလဲ…

In: ကဗျာ Posted By: Date: Jun 2, 2010
Comment #1

so niceeeeeeeee
great

commentinfo By: ei lay at Jan 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment