Professional Authors

“မျှော်လင့်ချက်လေး…မြေခပေးလေ”

ဆောင်းတွင်းမှာတွေ့ နေကျပိုးဖလံလေးတွေလိုပါပဲ
ပူမှန်းသိရက်နဲ့ အလင်းရောင်ရှိရာ
မီလုံးနားဆီကိုတိုးဝှေ့ လို့ နေမိတယ်
အချစ်ဆိုတာလည်းဒီလိုပဲထင်မိတယ်
ပူမယ်သိရက်နဲ့ လည်း
မျှော်လင့်ချက်လေးရှိမလားလို့ 
တိုးဝှေ့ နေမိတယ်…
ဘာလို့ လဲ…ဘာလို့ လဲ
ပြန်စဉ်းစားကြည့်တော့လဲ
အဲ့ပိုးဖလံလေးတွေချမ်းနေတာလည်းဖြစ်နိုင်တာပဲလေ
ငါလည်းမေတ္တာငတ်နေလို့ တိုးဝှေ့ မိတယ်ထင်တာပဲ…။

မိုးတွင်းမှာညည်းနေကျ…ပုရစ်လေးတွေလိုပါပဲ
ငါလည်းခိုတစ်ကောင်လို…
ချောင်ထဲမှာညည်းနေမိတယ်…
အရောင်မပါတဲ့မျှော်လင့်ချက်လေးကို…တမ်းတနေမိတယ်…
မိုးရေလိုပဲကြည်လင်ပါစေ…မျှော်လင့်ချက်လေးရယ်…
ငါ့ရင်ကိုမိုးရေလိုပဲ…ပက်ဖျန်းနိုင်ပါစေ…။

နွေရာသီမှာရေလိုနေပါကွယ်
ခမ်းခြောက်နေတဲ့ …မျှော်လင့်ချက်လေးရေ
သစ်ရွက်လေးတွေလိုပဲအမြဲခြောက်သွေနေပါစေ…
သစ်ရွက်လေးတွေလိုပဲအချိန်တန်တော့…မြေခတော့လေ…
ကိုယ့်လက်ဖ၀ါးဖြန့် ခံထားတယ်
မင်းလေးမြေခလှည့်တော့လေ…။

In: ကဗျာ Posted By: Date: Nov 1, 2012
Comment #1

wow,,wow,,,
a yann ko nuu nyant lun par de,
kway twar p.
🙂

commentinfo By: ei lay at Nov 1, 2012
Comment #2

:P~~~~thz ma ei lay

commentinfo By: loafer at Nov 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment