Professional Authors

တစ်ခါက အမှန်တရားတွေလို ပျော်ရွှင်စွာ မှားယွင်းခဲ့-ရွှေကြယ်မိုး

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}

ဘာရယ်…ထိပ်ဆုံးဆီ သွားမလို့ဟုတ်လား

စိတ္တဇတွေ ကမ်းလွန်နေတဲ့ ပြင်ကျယ်ကြီးထဲ

မျှော်လင့်ချက်တွေ ရွက်မတိုက်ချင်ပါနဲ့တော့ဗျာ

ရိုက်ချက်/မိုက်ချက်တွေက သမုဒ္ဒရာတစ်ခုလုံး ကုန်ခဲ့ပြီပဲ

သူ့လှေကိုယ်ထိုး ကိုယ့်လှေသူထိုး လှော်တက်တွေ ကျိုးခဲ့ကြ

သူ့သမိုင်းကိုယ်ရေး ကိုယ့်သမိုင်းသူရေး စိတ်ဓါတ်တွေ မှင်ကုန်ခဲ့ကြ

သံရှည်ဆွဲတဲ့ ဥသြတွေသာ စစ်ကူဖြစ်ခဲ့ရင် ဒီလူ့ရင်ပြင်မှာ

ဘုရားတရားတောင် လိုတော့မှာ မဟုတ်ဘူး ……မယုံမရှိနဲ့

စုံလုံးကန်းနေတဲ့ လက်ခုပ်သံကိုတွေတောင် မီးမှိတ်ယုံခဲ့ရသေးတာပဲ

လင်းဠလောက်တော့ ငှက်တိုင်းလှတယ် … နေတတ်ရင် သေချင်စရာ ချည်းပဲ

တစ်မိုးအောက်က ကွန်းခိုရာမှာ မဟူရာလူမိုက်အိုတို့ စိမ့်စိမ့်တုန်

ကမ္ဘာဟာ တစ်ပတ်..နှစ်ပတ်…သုံးပတ်…ဆက်ကာဆက်ကာ နစ်ခဲ့ပြီ

သုညတွေ ပြိုကျလာတာ တပ်အပ်မြင်ရမှာတော့ ငါ့ကိုယ်ငါ ထူးဆန်းမနေတော့ဘူး

သူ့ဆီက ၀ဲဂယက်လာရင် ကိုယ်က လှိုင်းပြန်ထန်ပေးမှ သဟဇာတဖြစ်မယ်

ဒါပဲပေါ့…ကိုယ့်လက်ခုပ်ပေါ် တင်ပြီး ဖျောင်းခနဲ ရိုက်ဖွင့်လိုက်တဲ့ ဖဲချပ်ဟာ

တစ်ခါက အမှန်တရားတွေလို ပျော်ရွှင်စွာ မှားယွင်းခဲ့…။    

                                                                 ရွှေ ကြယ် မိုး

In: ကဗျာ Posted By: Date: Oct 30, 2012
Comment #1

နေတတ်ရင်သေချင်စရာပေါ့နော်…
အားပေးသွားပါတယ်…

commentinfo By: ချမ်းငြိမ်းအောင် at Oct 31, 2012
Comment #2

သူ့ဆီက ၀ဲဂယက်လာရင် ကိုယ်က လှိုင်းပြန်ထန်ပေးမှ သဟဇာတဖြစ်မယ်

ဒါပဲပေါ့…ကိုယ့်လက်ခုပ်ပေါ် တင်ပြီး ဖျောင်းခနဲ ရိုက်ဖွင့်လိုက်တဲ့ ဖဲချပ်ဟာ

တစ်ခါက အမှန်တရားတွေလို ပျော်ရွှင်စွာ မှားယွင်းခဲ့…။ ။

commentinfo By: May Kha at Oct 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment