Professional Authors

ဆောင်းအိပ်မက်

မိုးစက်တွေ နှင်းယောင်ဆောင်ကြ
နိုဝင်ဘာရဲ့ အလယ်တည့်တည့်မှာ
အမည်နာမတစ်ခု ကောက်ရဖူးတယ်

ဘာရယ်ညာရယ်မဟုတ်
ရင်ဘတ်ကို ဆွဲထုတ်ကြည့်မိခဲ့
အော် သတိရခြင်းတွေတောင်
တဘောင်ဖြစ်ကုန်ကြပြီလား…

ခွင့်လွှတ်ပေးပါတဲ့
မဖြစ်နိုင်ခြင်းတရားက
သူမရှေ့ လုံးလုံးလျားလျားကျလာခဲ့
ဘာမှမပြောခဲ့ပါဘူး 
ချဉ်ချဉ်တူးတူး ကဗျာ
ဝှက်စာမပါကြေးပေါ့လေ…

ဇစ်ဖွင့်သွန်ချလိုက်တော့
ထွက်ကျလာတာ မျက်နှာလေးတစ်ခုတည်းရယ်
ပယ်ပယ်နယ်နယ် ပြုန်းတီးရင်း
ဆက်စီးဆင်းခဲ့ပါရဲ့..

ရပါတယ်
ဖက်တွယ်ထားတာတွေ လျှော့ချ
လမ်းမကငါ့ကို ခေါ်မလား
တံတားက ချန်ထားမလား
နောက်ဆုံးကြားထားတာတစ်ခုရှိတယ်
နှင်းပြန်ဝယ်တဲ့နွေတိုင်းမှာ
ငါ ပြန်လာခဲ့မယ်…

ကိုယ့်နေရာကို ပြန်မက်ထူရင်း
ချစ်ခြင်းကို အကြည်ညိုပျက်
ကဗျာညှိတက် လဘက်ရည်တစ်ခွက်နဲ့
လတ်လတ်ဆတ်ဆတ် ငါလွမ်းနေမယ်ကွဲ့..

သူမအတွက် နာရီတွေပျက်သုန်း
ဒီလူနာမည် တစ်လုံးတော့သိပါလိမ့်မယ်
ဆုံးဆုံးစစပေါ့ကွယ်
နောက်ဆုံးဆိုတာ
နှင်းပုဝါလောက် မနူးညံ့ပေမယ့်
ဘ၀နဲ့ရင်းလောက်အောင် မြတ်တတ်ပါတယ်….

In: ကဗျာ Posted By: Date: Oct 27, 2012
Comment #1

nice creation

commentinfo By: ei lay at Oct 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment