Professional Authors

မင်းကိုကဝေမဖြစ်စေချင်သူ မင်းကို ကဝေမ ဖြစ်စေချင်သူ

နှလုံးသားဟာ
ပုံဆောင်ခဲတစ်ခု မဟုတ်တဲ့အတွက်
မင်းအယုအယတွေအောက်
အရည်ပျော်လာတယ်

၁မိနစ် ၁စက္ကန့် လေးတောင်မှ
မင်းကိုမခွဲခွာနိုင်ရက်ခဲ့ …
ငါ့အသည်းသွေးတွေ မင်းအတွက်
မူးမတတ်မေ့မတတ် တမ်းတရတယ်

အဆုံးအဆမရှိချစ်တတ်လို့
ငါ့ အသွေးအသားတွေကိုတိုက်စားမယ်ဆိုလဲ
ခံလိုက်မယ် ငါ့သွေးသားတွေအဆင်သင့်ပဲ

မင်းမရှိရင် အနေမတတ်အောင်
မပြုစားပါနဲ့ချစ်သူ ….
မင်းကို ကဝေတကောင် မဖြစ်စေချင်သူဟာ ငါ….

ကဗျာချို

In: ကဗျာ Posted By: Date: Oct 14, 2012
Comment #1

🙂
🙂
🙂
Yin taung kone twar de.

commentinfo By: ei lay at Oct 14, 2012
Comment #2

Ei ka dot koh tate chit ya de Thu a twat “ka wai ma lae” phyit chin par de.
😛
😛

commentinfo By: ei lay at Oct 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment