Professional Authors

ငါ့အတွက်တော့ နင်ဘယ်တော့မှဆုမတောင်းပါနဲ့နော်—

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

မေ့ဖို့ကြိုးစားရင် ပိုပြီးသတိရမိတယ်
အခုဆိုရင်……..
ခံစားချက်တွေကိုလည်းဆေးမတိုက်တော့ဘူး
ရင်ခုန်သံတွေကိုလည်း ထောင်ချလိုက်ပြီ
နှလုံးသားမှာ ခပ်ပါးပါးရေးထားတဲ့ နင့်နာမည်လည်း
မျက်ရည်အကုန်ခံပြီး မဆေးကြောတော့ဘူး
မှတ်တိုင်မရှိတဲ့ အလွမ်းတွေ ဘယ်ကမ္ဘာအထိ နယ်ချဲ့ ဦးမလဲမသိဘူး
ပုတ်သင်ညိုလို အချိန်အခါလိုက်ပြီးပြောင်းလဲတတ်တဲ့
ယုံကြည်မှုတွေကိုလည်း မခံစားချင်တော့ဘူး
ကံစမ်းမဲပုံးထဲက သစ္စာတရားတွေကိုလည်း

အချိန်ကုန်ခံပြီး ရပ်မစောင့်တော့ဘူး
နက္ခတ်မကိုက်လို့  ကံနိမ့်နေတဲ့မျှော်လင့်ချက်တွေကိုတော့
ယတြာချေလိုက်ဦးမယ်
မနေ့ ကဆိုတဲ့  အတိတ်တွေထဲမှာ
ငါ့နှလုံးသားလေး စနှိုးဝှိုက်လို အိပ်နေခဲ့ပြီ
မနက်ဖြန်တိုင်းမှာ မင်းသားလေးကို တမ်းတနေမိဦးမလား
စိတ်ကူးယဉ်တာတွေကို အတောင်တပ်ပေးမိတော့
ခဏ ခဏ မြောင်းထဲပြုတ်ကျနေတယ်
ပညတ်ချက်တွေကို ရှုသွင်းပြီး
အတ္တတွေကို ဆားခပ်ပြီးစားသုံးနေခဲ့တာ အခုတော့…
ကန့် သတ်ချက်တွေထဲမှာ နေသားကျခဲ့ပါပြီ
မနက်ဖြန်ဆိုတာ အတိတ်ရဲ့ မျှော်လင့်ချက်ပဲ
ငါက ဘာအတွက်နဲ့ ကြေကွဲနေရမလဲ
ဘုရားသခင်ဖန်ဆင်းပေးတဲ့ ပြဇာတ်ထဲမှာ ကပြနေတာပဲ
တကယ်ဆို-အတုန်းအရုန်းလဲကျ ပြဖို့ လိုလို့ လား
မျက်စိမမြင်တဲ့ စွဲလမ်းခြင်းတွေ အတွက်
သိက္ခာတွေနဲ့ လမ်းခင်းပေးထားတာ
ဘ၀ဆိုတာကစားပွဲ တစ်ခုသာဖြစ်ရင်
မစခင်ကတည်းက ရှုံးပြီးသားပါ
ဘာအတွက်ထပ်ပြီး အလံဖြူတွေပြနေရမလဲ
ဒူးထောက်ပြမှ ကျေနပ်မယ်ဆိုရင်
ငါကိုယ်တိုင်ပဲ ခြေထောက်ကိုရိုက်ချိုးလိုက်ပါ့မယ်
နင့်အတွက်ပြောမထွက်ခဲ့တဲ့ စကားလုံးတွေ
ငါ့နှလုံးသားကို အားရပါးရစားသုံးနေလိုက်ကြတာ
မျက်ရည်တွေက အလကားရပေမဲ့ 
ပင်လယ်ဖြစ်အောင်မှ မစီးဆင်းနိုင်တာ မငိုတော့ပါဘူး
ညမှောင်ပါတယ်ဆိုမှ ထပ်ပြီး မိုးပြိုတဲ့ဘ၀မျိုးကိုတော့
ဘယ်ကြယ်ကိုမှအလည်မခေါ်ချင်ဘူး
အချိုးခံရမယ်ဆိုတာ သိသိရက်နဲ့ 
ငွင့်ငွင့်စွါးစွါးပွင့်နေတဲ့ ပန်းတွေကို အားကျတယ်
လှည့်စားမှုတွေ ကျေးဇူးပြုပြီး တံခါးမခေါက်ပါနဲ့ နော်
ငါကိုယ်တိုင်တောင် စာမျက်နှာပျောက်နေလို့ ပါ
သံသယမိုးတွေအတွက် သစ္စာတရားဆိုတဲ့
ထီးတစ်ချောင်းနဲ့ တင် လုံမယ်လို့ ငါမယုံကြည်တတ်တော့ဘူး
ဒုက္ခရောက်တိုင်း supreman ကိုမတမ်းတမိပေမဲ့
နင်နဲ့ တွေ့ တိုင်း အာလာဒင် မီးခွက်ကို သတိရတယ်
တကယ်တမ်းကျတော့ ဆုမတောင်းလဲ ကြယ်ကတော့ ကြွေမှာပဲ
ဟုတ်တယ်မလား…
ဒါပေမဲ့.
ငါ့အတွက်တော့ နင် ဘယ်တော့မှ ဆုမတောင်းပါနဲ့ နော်..

 (သူငယ်ချင်း—-တစ်ယောက်ရဲ့ခံစားချက်ပါ)

In: ကဗျာ Posted By: Date: Oct 5, 2012
Comment #1

မတောင်းပါဘူး—-

commentinfo By: မီးမီး at Oct 5, 2012
Comment #2

lat khoke so tar hna phat tee hma myi dar.

commentinfo By: apple at Oct 5, 2012
Comment #3

100% right.
forget all.

commentinfo By: thet naing at Oct 5, 2012
Comment #4

hote kae !!!

commentinfo By: mayviolet at Oct 5, 2012
Comment #5

တကယ်ကို ရင်ထဲက နေ လှိုက်လှိုက်လှဲလှဲ ကြိုက်ပါတယ်
အရမ်းကောင်းတဲ့ ကဗျာလေးပါ …

commentinfo By: မြတ်သူ at Oct 5, 2012
Comment #6

ကျေးဇူးပါ fri!!

commentinfo By: mayviolet at Oct 5, 2012
Comment #7

အရမ်းကောင်းပါတယ်လေးလေးစားစားဖတ်သွားပါတယ်

commentinfo By: loafer at Oct 5, 2012
Comment #8

hin,,
ya bu,
😛
taung hmar be,

commentinfo By: ei lay at Oct 5, 2012
Comment #9

==================================
ဒုက္ခရောက်တိုင်း supreman ကိုမတမ်းတမိပေမဲ့ =
နင်နဲ့ တွေ့ တိုင်း အာလာဒင် မီးခွက်ကို သတိရတယ် =
တကယ်တမ်းကျတော့ ဆုမတောင်းလဲ ကြယ်ကတော့ ကြွေမှာပဲ =
ဟုတ်တယ်မလား… =
==================================
မိုက်တယ်ဗျာ တစ်ပုဒ်လုံးမှာစကားလုံးသုံးနှုန်းချိတ်ဆက်တာ အရမ်းကောင်းတယ် ၊ ခံစားချက်လည်းပြည့်မှီတယ်..အဲလိုရေးတတ်ချင်လိုက်တာဗျာ

commentinfo By: သလင်း at Oct 7, 2012
Comment #10

ကောင်းလိုက်တဲ့ကဗျာ။အားပေးသွားပါတယ်။

commentinfo By: miss tower at Dec 15, 2012
Comment #11

ကဗျာတစ်ပုဒ်လုံးသုံးထားတဲ့စာသားတွေက တကယ်ကောင်းတယ်ဗျာ..
ပြီးတော့….ဘာမှမပြောတော့ပါဘူး ..အရမ်းကောင်းတယ်.ဗျ

commentinfo By: poem.poem28 at Dec 15, 2012
Comment #12

ဖတ်ပေးသွားတဲ့အတွက် အားလုံး အားလုံးကို ကျေးဇူးပါ….. 😛

commentinfo By: mayviolet at Dec 15, 2012
Comment #13

ဟိုက်….

လုံးဝကို ခိုက်ရတဲ့ကဗျာပါလားဗျာ…. သယ်လာတာပြီးမှန်းတောင်မသိဘူး ဒါပေမဲ့ နိဂုံးနားမှာ အားမလို အားမရဖြစ်မိတယ်ဗျ
ကဗျာလေးကိုကြိုက်လို့ လောဘတက်သွားတာပါ

commentinfo By: နိုးဆက်နေ့ at Jan 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment