Professional Authors

ခဏတာ..

အမေ နေကောင်းရဲ့ လား…

စာတလုံး ဖုန်းတချက်

အမေ့ အပြုံးတစ်ပွင့် 

မမြင်ရတဲ့  ရက်တွေ များလှပေါ့ ..။

ကျွန်တော် လေ..

ဘယ်နေ့ ပြန်ရမလဲ မသိတဲ့ …ခရီးမှာ

အမ့ ကို လက်ပြ …အမေ က ကျွန်တော့် ကို လက်ပြ

နှုတ်ဆက် ခဲ့ မိတယ်လေ…။

အိမ်ပြန်ရတိုင်း အိမ်မဟုတ်တဲ့ အသိ

မရမှန်း သိပေမယ့်  …အမေ နဲ့  များ …

ထမင်းလေး အတူ စားခွင့်  ..

အိမ်မက်တချို့လည်း …အထီးကျန် လှပေါ ။

ပြန်ဆုံချင်ပါပြီ…

လွမ်းရတဲ့ နေ့ များစွာနဲ့ 

အမေ လို့  အမေ့  မျက်နှာ ကြည့် ..

ခေါ်ခွင့် ရတဲ့ အခိုက်အတန့် လေးတွေ ….။

 

In: ကဗျာ Posted By: Date: Sep 30, 2012
Comment #1

Really touching

commentinfo By: ei lay at Sep 30, 2012
Comment #2

good

commentinfo By: sarbudie at Oct 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment