Professional Authors

ဖြစ်တည်မှု

တကယ်ဆို ငါက…
အသံလေးကြားရုံနဲ့ မဖျားရုံတမယ် နှလုံးသားက
ဆတ်ဆတ်ခါနေခဲ့တာ…။ ။
တကယ်ဆို ငါက…
နာမည်လေး တစ်ချက်ခေါ်သံကြားရင်
မနေမနား ရင်ခုန်သံတွေက
တဖျပ်ဖျပ်ခုန်နေခဲ့တာ…။။
တကယ်ဆို ငါက…
သူ့ အသံ သူ့ ဟန်တွေနဲ့ 
အချိန်ကြာကြာ ရင်းနှီးဖွ့ဲ့ တည်ထားသူပါ
ဒါပေမဲ့…
တခါပြန်ကြားတိုင်း
ယောင်မှားစွာ မှိုင်းမိ
အတိုင်းအဆမသိတော့…။ ။
တကယ်ဆို ငါက…
သူ့ နံရိုးတစ်ဖက်လား?
ခပ်အက်အက် ယုံကြည်မှုတွေနဲ့ 
အခါခါမှင်သက်မိနေအောင်
ပြုစားတတ်သူရေ…
ငါ့အိပ်မက်တွေကို
ဖွင့်ဖတ်ခွင့်ပေးလိုက်ပါ့မယ်။။
တခါ ပြန်လင်းလက်ခွင့်ရရင်
မျှော်လင့်ချက်တွေကို
တောင်ပံတပ်လိုက်ပါ့မယ်…
တစ်စုံတစ်ရာဆီ အရောက်ပျံသန်းဖို့ အတွက်…။ ။
                             စစ်အေးငြိမ်း

                              30.11.11

In: ကဗျာ Posted By: Date: Sep 28, 2012
Comment #1

Woe….
Hit the heart

commentinfo By: ei lay at Sep 28, 2012
Comment #2

တခါ ပြန်လင်းလက်ခွင့်ရရင်
မျှော်လင့်ချက်တွေကို
တောင်ပံတပ်လိုက်ပါ့မယ်…
တစ်စုံတစ်ရာဆီ အရောက်ပျံသန်းဖို့ အတွက်…။ ။

me too! like u.

commentinfo By: maypyo.pyomay at Sep 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment