Professional Authors

နာကျင်မှုဟာ စကားလုံးတွေ အဖြစ်နဲ.ငါ.ရင်ဘတ်ဆီက ရွာကျလာတယ်

နိဂုံးအချုပ်ခံလိုက်ရတဲ. နိဒါန်း တစ်ပုဒ်အကြောင်းရယ်ပါ

စွပ်စွဲကြသလိုမျိုး အပွင်.ကို လိုချင်ရုံ ရည်ရွယ်ချက်နဲ. ရေလောင်း ပေါင်းသင်ခဲ.တာတော. မဟုတ်ရဘူး ။ ဒါပေမယ်. ထားပါတော.လေ

မခူးဖြစ်ခင်မှာ ရနံ့တွေက သာ ငါ.ကို ထုတ်ချင်းခတ် စူး သွားကြ

ငါ    ရှုံး    ခဲ.  ရ  တယ်

 

 

ပျော်ရွှင်မှုဆိုတာ ဘာမှန်းမသိတော.တဲ. လူတစ်ယောက်က တခြားတစ်ယောက်အတွက် လင်းချင်းပေးချင်ခဲ.တာ မိုက်မဲမှုတစ်ရပ်လား

ငါဟာ သန်းခေါင်ထက် နက်ချင်နေတဲ. ညဉ်.ပါ

စကားမစပ် ပြောရရင် ရယ်ရတာ ကိုက

မော …  တယ်

 

ဖြစ်မလာသေးတဲ. ဖြစ်ချင်တာတွေကို ဆန္ဒ လို. ခေါ်ပြီးတော.  မဖြစ်ချင်တာတွေ ဖြစ်နေရတာကို ဘ၀ လို. ခေါ်တယ်

ဆန္ဒနဲ. ဘ၀ ကြားမှာ မျှော်လင်.ချက် အတိုအစ တွေနဲ. တံတားထိုးဖို. ကြိုးစားနေတဲ. ငါ.ကိုတော. သမိုင်းဝင်လူမိုက် အနေနဲ. စာရင်းသွင်းပါ

စိတ်ရှိလက်ရှိ လှောင်ရယ် လို. ရပါတယ် ။ ဒါပေမယ်. မသနားလိုက်ပါနဲ.

ကျေးဇူးပြုပြီး နည်းနည်းမှ မသနားလိုက်ပါနဲ.

အဲဒီလူမိုက်က သူ.သိက္ခာကို ကာကွယ်ရပါလိမ်.မယ်

 

ဟေး….. တစ်ဆိတ်လောက်

မကြည်.ချင် နေပါ။ ဒါပေမယ်. မြင် ပါ

နားမထောင်ချင် နေပါ ။ ဒါပေမယ်. ကြား  ပါ

မစာနာချင် နေပါ ။ ဒါပေမယ်. ခံစားပေး ပါ

နေ မှာ ကိုယ်ပိုင်အလင်းရောင်ရှိသလိုမျိုး  ည ဟာ ဘယ်သူ.အကူအညီမှ မပါဘဲ မှောင် တယ်

ငါ…. ရဲရဲရင်.ရင်.  …. ရူးသွပ်ခဲ.ဖူးတယ် ။ မွတ်မွတ်သိပ်သိပ်နဲ. မြတ်နိုးခဲ.ရတဲ. ငေးကြည်.ခွင်. တစ်ခုတစ်လေ အတွက်။ခဏခဏ မင်နီတားခံရတဲ. တစ်လမ်းသွား ဂရုစိုက်ခြင်းတွေ အတွက်။

ဘယ်တုန်းကမှ အရှုံးအမြတ်မတွက်ချက်ခဲ.ပေမယ်.

အထိအရှတွေ များလာတဲ. အခါ ဘ၀ က အံကြိတ်မျိုချလို. မရလောက်အောင် ခါးတယ်

 

 

နောက်ဆက်တွဲ ။  ။

ကိုယ်ရေးကိုယ်တာ ယဉ်ကျေးမှုအရ အဲဒီစပျစ်သီးကို မချဉ်ရက်ခဲ.ဘူး

ငါ.ဖြစ်တည်မှုကို ငါ.ဘာသာ ရိုက်ခွဲပစ်နေတာက လွဲရင်။

သေချာတာ တစ်ခုက

သွေးချင်းချင်းနီနေတဲ. ငါ. လက်တွေက ပြည်ဖုံးကားကို ဘယ်တော.မှ ဆွဲချဖြစ်မှာ မဟုတ်ဘူး

In: ကဗျာ Posted By: Date: Sep 8, 2012
Comment #1

excellent creation
excellent choice of words
excellent thinkings
excellent

commentinfo By: ei lay at Sep 8, 2012
Comment #2

excellent thinkings

commentinfo By: MYM at Sep 8, 2012
Comment #3

ကျေးဇူး တင်ပါတယ် ခင်ဗျ

commentinfo By: SimpleSimplest at Sep 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment