Professional Authors

ဒဏ်ခတ်ခြင်း

 

တလျှပ်လျှပ်တောက်ပနေတဲ့

နွယ်ကိုင်းပင်တို့ရဲ့ ဖမ်းစားခြင်းနဲ့

ဝက်သစ်ချပင်အိုကြီးရဲ့ ညည်းသံကို

ခပ်တိုးတိုး နားထောင်ဖြစ်တယ်….။

 

နတ်ဘီလူးတို့ရဲ့ တတိယမြောက်ဒဏ်ခတ်ခြင်းမျိုးနဲ့

အိပ်မက်ကျမ်းဆောင်ထားတဲ့ ဒီအနာဂတ်ဟာ

ဝေး၀ါးလွန်းခဲ့တယ်…။

 

အဝေးတနေရာရဲ့

ခါးသက်လှောင်မြိုက်မှုဟာ

ငါ့နှလုံးသားဝင်ရိုးစွန်းကို လာဟပ်တယ်…..။

 

တ၀ုန်းဝုန်းတောက်လောင်နေတဲ့

ဒီမီးတောက် အမှောင်တွေကြား

မမှီမကမ်းလှမ်းဆွဲချင်နေတဲ့ ဒေါက်တိုင်ဟာ

တမြေ့မြေ့လောင်ကျွှမ်းနေလှပေါ့….။

In: ကဗျာ Posted By: Date: Aug 31, 2012
Comment #1

mike de
sa ka lone a g g tway g pe
😛

commentinfo By: ei lay at Aug 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment