Professional Authors

သက်ပြင်းချကဗျာ

ပြနေကြ ပုံစံအတိုင်းအပိုင်းခွဲပြီး ..ရေးချလိုက်တယ်

 

(၁) အကောင်းစားလို့ မပြောပဲ ကမ္ဘာကို ချပြကြည့်လိုက်တယ်

(၂) ရုတ်ရုတ်သဲသဲ အားပေးကြတယ်

(၃) နားမလည် လည်း ခေတ်ကောင်းပြီအထာနဲ့ အားကိုးကြတယ်

(၄) ဒါဟာ …ဒီမိုကရေစီ

 

စသဖြင့်ပေါ့ မရဘူး.အညတြ ဆရာမို့  ဒီကဗျာဟာ ညံ့နေတုန်းပဲ

 

ဆယ်ကမ္ဘာစာ အကျဉ်းချခံထားရတဲ့ အကျဉ်းသားတစ်ယောက်ရဲ့ ဝမ်းနည်းမှုမျိုးနဲ့

အစာမြင်ရက် လှမ်းမဟပ်နိုင်တဲ့ မြွေတစ်ကောင်ရဲ့ ရင် ကွဲ ကြေမှု မျိုးနဲ့

ရထား အလာမှာ တဖက် ကိုဖြတ်ပြေးမိတဲ့ ခရုတစ်ကောင်ရဲ့ ကြောက်ရွံ့ မှု မျိုးနဲ့

ခြေအချမှာ မောင်ချောနွယ် စာသားကိုဖတ်မိသလို သိမ်ငယ်မှုမျိုးနဲ့

 

ကဗျာဟာ ငါ့ကို ….မြိုတယ်

တရစ်ပြီးတရစ် …တနေ့ပြီးတနေ့ တငိုငိုတရီရီ (ရယ်) နဲ့ ဖြေသိမ့်မှု ဖြည်ချကြည့်တယ်

မရဘူး

ကာရံတွေ နဲ့ စတိုင်လ်သစ်မရောက်ပဲ ဒီကဗျာဟာ ညံ့နေတုန်းပဲ

 

ဟုတ်..ကျွန်တော်ကြိုးစားကြည့်တယ်

ဟုတ်…ကျွန်တော်ကြိုးစားနေတုန်းပဲ

ဟုတ်..ကျွန်တော် မကြိုးစားတော့ဘူး

ဘာပဲပြောပြော ဒီကဗျာဟာ ညံ့ဦးမှာပဲ..အညံ့..ညံ့လွန်းသည် ..

ညံ့သထက် ညံ့သည် ဘယ်သူပြောလို့ကောင်းအောင်ရေးမလဲ

ကဲ

ကဗျာ အစ က ပြန် မ စ ခင်

အညံ့ဆုံးစာရင်း မှာ နာမည်ပေးထားလိုက်တယ်

ကျွန်တော်……..အညံ့စား ကဗျာဆရာ..ဘယ်လိုရေးရေးညံ့အောင်ရေးတယ်

In: ကဗျာ Posted By: Date: Aug 22, 2012
Comment #1

ဆယ်ကမ္ဘာစာ အကျဉ်းချခံထားရတဲ့ အကျဉ်းသားတစ်ယောက်ရဲ့ ၀မ်းနည်းမှုမျိုးနဲ့

အစာမြင်ရက် လှမ်းမဟပ်နိုင်တဲ့ မြွေတစ်ကောင်ရဲ့ ရင် ကွဲ ကြေမှု မျိုးနဲ့

ရထား အလာမှာ တဖက် ကိုဖြတ်ပြေးမိတဲ့ ခရုတစ်ကောင်ရဲ့ ကြောက်ရွံ့ မှု မျိုးနဲ့

ခြေအချမှာ မောင်ချောနွယ် စာသားကိုဖတ်မိသလို သိမ်ငယ်မှုမျိုးနဲ့

တော်သေးတာပေါ့ ညံ့အောင်ရေးလို့ ….. ကောင်းအောင်များရေးရင် ဘယ်လိုနေမယ်မသိဘူး။ လေးစားလျက် …….

commentinfo By: ChIr0N at Aug 22, 2012
Comment #2

😛
😛
😛
😛
😛
Ma Moe ka Nout tat lar p naw.
He..he

commentinfo By: ei lay at Aug 22, 2012
Comment #3

ဟုတ်..ကျွန်တော်ကြိုးစားကြည့်တယ်

ဟုတ်…ကျွန်တော်ကြိုးစားနေတုန်းပဲ……

i like this…

commentinfo By: moezat at Aug 23, 2012
Comment #4

စကားလုံးတွေ၊ဟန်တွေ၊အသံတွေ . . .
တော်တော်များများက အရင်ကဗျာတွေနဲ့
လုံးဝကို ခွဲထွက်လာတာ တွေ့ရတယ်မိုး
ငါလည်း နင့်ကဗျာကို ခပ်ညံ့ညံ့ပဲ ဖတ်သွားပါတယ်
ငါကလည်း ညံ့တော့ နင့်ရဲ့ညံ့အောင် ရေးထားတဲ့ကဗျာကို
ကြိုက်တယ်မိုးရေ

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Aug 23, 2012
Comment #5

ကျွန်တော့်ကို အားပေးလျှက်ရှိသော အားပေးသွားသော ကျွန်တော့်မောင်နှမများအားလုံးကိုအထူးကျေးဇူးတင်လေးစားလျှက်

commentinfo By: အသဲကွဲမိုး at Aug 24, 2012
Comment #6

ဒီကဗျာလေးလည်း ကြိုက်တယ်
အားပေးသွားတယ် မိုး။

commentinfo By: htatmyataung at Aug 24, 2012
Comment #7

ကျွန်တော်… အညံ့စား ကဗျာဆရာ… ဘယ်လိုရေးရေးညံ့အောင်ရေးတယ် >> ညံ့အောင်ရေးတာတောင် ဒီလောက်ကောင်းတဲ့ ကဗျာ

commentinfo By: kantkawmg at Aug 28, 2012
Comment #8

ဘယ်လို ရေးရေးညံ့တယ်တဲ့လား………….

အညံ့စား ကဗျာဆရာတဲ့လား…………………

အော်……………
ဘာမှကို မပြောတတ်လို့ မပြောတော့ဘူးဗျာ… ..

commentinfo By: noe sat nay at Feb 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment