Professional Authors

ကြွေကြယ်

သူဟာ ဘာမှမဟုတ်တဲ့ ဘ၀ကိုမောင်းနှင်

ကြုံရာအတိုင်း ကြုံရာနေရာမှာ ခေါင်းချ

ဟိုး…ကြေကြွေတွေ မြေမြှုပ်ခံခဲ့ရဘူးတဲ့ ပန်းတိုင်ဆီ

အရောက်သွားဖို့ မျှော်လင့်ချက် အိမ်မက်တွေနဲ့…

သူဟာ ဒီလိုနဲ့

သူ မက်မက်မောမော နေထိုင်ခဲ့ဖူးတဲ့ ထရံကာတဲလေးကို

အန္ဓသူရဲအိုတို့လုယူသွားတာတောင် မသိတော့…

 

သူပြန်ရှာလို့ မတွေ့နိုင်တော့မယ့် အထဲမှာ

အပျော်စီးလှေနဲ့ စုန်းစုန်းမြုပ်သွားတဲ့ မိန်းမတစ်ယောက်လည်း

ပါတယ်…

သူဟာ ဟိုး…ပန်းတိုင်ဆီ ခရီးဆက်နေတဲ့လူ

တကယ်တော့ ပန်းတိုင်ဆီမှာ ဆုတက်ယူဖို့

မဟုတ်ဘူး…

ပန်းတိုင်နားက ကြယ်ကြွေတွေကို ကောက်ဖို့သက်သက်သာ

ဖြစ်ပါတယ်

 

ဘ၀မှာ ဆုတစ်ဆုမှ မရဖူးဘဲ ပညာတတ်ဖြစ်နေတဲ့ လူတွေ

ရှိတယ် မဟုတ်လား

သူက မက်မက်နေကျ ပန်းတိုင်ဆီရောက်ခဲ့ရင်တောင်မှ

မြှုပ်နှံထားတဲ့ ကြယ်ကြွေတွေကို ကောက်ယူဖို့သာ ဖြစ်ပါတယ်

 

အဲ့ဒီ့ ကြယ်တွေဆီ မသွားစမ်းပါနဲ့ကွာ ဆိုတဲ့သူငယ်ချင်းလည်း

အဲ့ဒီ့ ကြယ်တွေထဲ ရောက်သွားပြီ…

ကြယ်ကြွေတို့ရေ…ငါလာခဲ့မယ်

မင်းတို့ကို သီကုံးဖို့ ငါလာခဲ့မယ်

ဥပက္ခာဆန်တဲ့ မီးအိမ်နဲ့ မေတ္တာကို ဖတ်ရှုခဲ့ပြီးပြီ

ရန်သူဆန်တဲ့ ၀မ်းဗိုက်နဲ့ အကြင်နာကို စာသုံးခဲ့ပြီးပြီ

သူဟာ ဘယ်လိုပဲဖြစ်ဖြစ် ပန်းတိုင်ဆီကို သွားမှာဖြစ်ပါတယ်

ဘယ်လိုပဲဖြစ်ဖြစ် ထိုက်တန်လှတယ် ထင်လှရဲ့

 

သူပြန်မရတော့မယ့် အရာတွေထဲမှာ ခြံထောင့်မှာ ချထားခဲ့တဲ့

မျိုးစေ့လေးတွေရဲ့ ဖြူစိမ်းပန်းပွင့်လေးတွေပါတယ်

သူပြန်မတွေ့ရတော့မယ့် လူတွေထဲမှာ ဈေးသွားတာအရမ်းကြာတဲ့

ကောင်မလေးရယ်…ကြာကြည့်ကျွမ်းတဲ့ ကောင်လေးရယ် ပါတယ်

နှုတ်ဆက်ပါတယ်…နှုတ်ဆက်လေ့ရှိသူတို့ရယ်

ဒါဟာ ကမ်းကပ်ခွင့်မရှိတဲ့ လှေတစ်စင်းပါပဲ

 

နှုတ်ဆက်ပါတယ်

ဒါဟာ အလင်းရောင်မဲ့နေတဲ့ နေ့လည်ခင်းပဲ

မရယ်ပါနဲ့

နှုတ်ဆက်ပါတယ်

ဒါဟာ မှောင်နေလျက်နဲ့ လင်းလင်းသွားတဲ့ ညခင်းတစ်ခုပဲ

 

ဆွဲဆွဲငင်ငင်အူတဲ့ခွေးတစ်ကောင်လို အော်သံတွေရှည်လျား

တစ်ခုသော ညလေးထဲမှာ သူ ခိုးဝှက်ငိုကြွေးခဲ့ရတယ်

ဘယ်တုန်းကမှ ဘယ်ဓါတ်ပုံကိုမှ မနမ်းရှိုက်ဖူးသူတစ်ယောက်

ပုံဟောင်းလေးတစ်ပုံကို တယုတယ နမ်းရှိုက်ခဲ့ပါတယ်

ဒါဟာ တကယ့်ကို

ခရီးတစ်ခုပါပဲ…ခရီးတစ်ခုပါပဲ…ခရီးတစ်ခုပါပဲကွယ်

 

ပန်းတိုင်ကိုရောက်ရင်

ပန်းတိုင်အောက်မှာ မြှုပ်ထားတဲ့ ကြယ်ကြွေတွေကို တူးမယ်

ပန်းတိုင်ကိုရောက်ရင်

မမေ့မလျော့ ကြယ်ကြွေတွေ မရမကတူးမယ်

သူဟာ ကြယ်ကြွေတွေပြန်လိုချင်လို့သာ ပန်းတိုင်ဆီကို

သွားနေတာဖြစ်ပါတယ်

                        ရွှေကြယ်မိုး

 

 

 

 

/* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:”Calibri”,”sans-serif”;}

In: ကဗျာ Posted By: Date: Aug 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment