Professional Authors

ခံစားချက်

မျှော်လင့်ချက်နဲ့ ဖြည့်စွက်ပြီး
အချစ်ကိုစတင်ချစ်ခဲ့မိတာပါ…

မာယာများသောအချစ်
သစ္စာမရှိသောအချစ်တစ်ခုကို
ရင်နင့်စွာ ချစ်ခဲ့မိတော့
ငိုမလို ရီမလိုနဲ့ ရှုးခဲ့ရ
အဖြေရှိလျက်နဲ့ ပန်းပေးရတဲ့အဖြစ်ပါ..အမိရာ..

ပေးဆပ်ခြင်းအချစ်ဆိုတာ
နင့်အတွက်ကောင်းခဲ့ပေမဲ့
ငါအတွက်တော့ အရက်နဲ့ဆေးဖော်
လွမ်းစိတ်ကို ဖျောက်ဖျက်ဖို့ရေး
မင်းအကြောင်းတွေးလိုက်တိုင်း
သူအလိုလိုကျလာတဲ့ ရင်ထဲက
ကဗျာတွေ၊သီချင်းတွေကနှိုးဆော်
အတိတ်ကိုပြန်တွေးမိလိုက်တိုင်း
ပျော်စရာတွေနဲ့ဆိုပေမဲ့
အခုအချိန်မှာတော့
အလံမရှိတဲ့ ရထားတစ်စင်းလို
အချိန်ပြည့်ခုတ်မောင်းနေရတဲ့ အဖြစ်ပါ..အမိရာ..

နင်ပျော်ရင်ပြီးရောလို့
အရာရာကိုခွင့်လွတ်
နားလည်ပေးခဲ့ပေမဲ့
တစ်ချက်လေးတောင် ပြန်မကြည့်ဘဲ
ကျောခိုင်းသွားခဲ့တယ်…

ကျေးဇူးတင်ပါတယ်
နင်နှုတ်မဆက်ဘဲ
ထွက်သွားပေးအချိန်က
မခံစားတာဟာ
နင်ဆီမှာ ငါ့ကြောင့်
နင့်အပျော်တွေ ပျက်သွားမှာဆိုးလို့ပါ….

နင့်လှော်ခဲ့တဲ့ လှေ
ပဲမရှိဘူးဆိုတာ
ငါမသိချင်ယောင်ဆောင်ခဲ့တာပါ
ပင်လယ်ထဲကိုလှော်ခတ်
မုန်တိုင်းတွေ့မှ ငါကိုပစ်ပြီး
လှော်ထွက်သွားခဲ့တာ
နင့်ပျော်ဖို့အတွက်ဆိုတာ
ငါသိပေမဲ့ ခွင့်လွတ်ပေးခဲ့တာဟာ
နင့်ငါအချစ်ကို နားလည်အောင်လို့ပါ..

ငါနင်ဖြစ်ချင်တာကို လိုက်လျောပေးခဲ့တာ
ငါထက်သာအောင် ချစ်နိုင်မဲ့သူ
နင့်တွေ့နေပြီးလို့ ငါထင်လို့
ငါလက်လွတ်ပေးခဲ့တာပါ အမိရာ..

နင်ကိုအချစ်တဲ့အချစ်တွေ
ငါရင်မှာ လက်ဆက်နေတုန်းဆိုတာ
နင်သိပါစေဟာ..

သူများခံစားချက်တစ်ခုကို ထုဆစ်ခံစားရင်း
                                                        စိုး…

In: ကဗျာ Posted By: Date: Aug 14, 2012
Comment #1

😛
😛
😛

commentinfo By: ei lay at Aug 14, 2012
Comment #2

နင်ပျော်ရင်ပြီးရောလို့
အရာရာကိုခွင့်လွတ်
နားလည်ပေးခဲ့ပေမဲ့…………………………… ခံစားချက်ချင်းတိုက်ဆိုင်ပါ၏။

သို့သော်…
သူများခံစားချက်တစ်ခုကို ထုဆစ်ခံစားရင်း ဆိုတာတော့မဖြစ်နိုင်
ဒီလိုပဲအမြဲတမ်းပြောနေတဲ့ စိုး ဟုသတ်မှတ်ပါသည်။ 🙂 🙂

commentinfo By: moezat at Aug 14, 2012
Comment #3

ဒီ ခံစားချက်ကို..ကျွန်တော်လည်း..ခံစား..နှစ်သက်…အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 15, 2012
Comment #4

အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ…ကျနော်က သူများခံစားချက်ဆိုရင် သူများခံစားချက်လို့ အောက်ဆုံးမှာ ရေးတတ်လို့ပါဗျာ..ကျနော်ခံစားချက်တစ်ခု မနက်ဖြန်လောက် တင်ပေ;လိုက်ပါမယ်.. ခံစားကြည့်ပေးဦးပေါ့ဗျာ.. အခုလိုဖတ်ရှုသွားတဲ့ မအိလေး၊ကိုမိုးဇက်၊ poem.poem28 တို့ကို ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်ကြိုးစားသွားပါဦးမည်….
စိုး…

commentinfo By: soe at Aug 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment