Professional Authors

အရှုံး

ငါကိုက….

သံသယတွေ တစ်၇ာသီစာ စုဆောင်းခဲ့မိလို့ ပါ ….

စိတ်ထင်လို့  ကြည့် မိတိုင်း

ပြိုင်းပြိုင်းထနေတဲ့  အလွမ်းတွေက

ဘယ်တော့မှ ပုန်းလျှိုးကွယ်လျှိုး မရှိဘူး …

ဒါတောင် ………..

မုန်းလို့ လမ်းခွဲခဲ့တာ မဟုတ်ပါဘူးတဲ့

ဲပြုံးပြုံးလေးဆိုသွားသူေ၇….

အရှုံးဆိုတာမျိုးက

မျက်၇ည်တွေနဲ့ မှ ၀မ်းနည်းဖို့  ကောင်းတာမဟုတ်ပါဘူး ….

မင်းလက်လှန်းမှီ၇ာေ၇ာက်ခဲ့တာကို က

ငါ့ အသိညာဉ်တွေ ဆိတ်သုဉ်းဖို့  …

ပိုင်ဆိုင်မှု့ သာပြကြကြေးဆို

တစ်ဘ၀စာ မစို့ မပို့  ကျန်ခဲ့တဲ့ နောင်တတွေ

တစ်လှေကြီးရှိတယ် …

ငါ့မျက်၇ည်နဲ့ ငါ ရွက်လွှင့်မလို့ ပါ

ယောကျာ်းမပီသဘူးပြောလဲ

ခံမယ် …..

နင်သာ ကိုယ်ယောင်တစ်ချက်ပြ

ငို၇လို့  သေတဲ့မသာဆိုတာ

နင်မရှိတော့မှ ဖြစ်မယ့်

ငါ့ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခု

အဆောင်အယောင်တစ်ခုလောက် မခမ်းနားပေမယ်

ချနင်းသွားဖို့ သက်သက်လောက်တော့

မင်းအတွက် …

အသုံးဝင်ပါသေးတယ် ချစ်သူ ….။ ။

Myozin

  3:31pm

    12.8.12(sun)

In: ကဗျာ Posted By: Date: Aug 12, 2012
Comment #1

wow,,
super like.
admireable honourable love,

commentinfo By: ei lay at Aug 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment